အရေးကြီးဆုံးအရာ

Share

အရေးကြီးဆုံးအရာ

11.11.2021(Thursday)

 

‌၁ကော ၁၀:၁၃“ယခုတွင် ယုံကြည်ခြင်း၊ မြော်လင့်ခြင်း၊ ချစ်ခြင်း၊ ဤသုံးပါးတည်လျက်ရှိ၏။ ဤသုံးပါးတို့တွင် ချစ်ခြင်းမေတ္တာသည် အမြတ်ဆုံးသောအရာဖြစ်သတည်း”

 

လွန်ခဲ့သည့် သုံးလလောက်က ကျွန်တော်နှင့်ရင်းနှီးသော ညီလေးတစ်ယောက်သည် သူ၏ အိမ်ထောင်ရေးအဆင်မပြေမှုများကို ရင်ဖွင့်ပါသည်။ သူလည်း စိတ်လေစွာဖြင့် ‌ခြေဦးတည့်ရာ လျှောက်သွားပါသည်။ အကြောင်းအရင်းမှာ သူ၏ဇနီးသည် အခြားတစ်ယောက်ဖောက်ပြန်‌သောကြောင့်ဖြစ်သည်။ မည်သို့ပင် ဖြစ်စေကာမူ သူ၏ဇနီးနှင့် ပြန်လည်ပေါင်းရဖို့ရန် မျှော်လင့်ပါသည်။ ထို့နောက်ကျွန်တော်လည်း သူတို့ရွာသို့လိုက်ပြီး သူတို့နှစ်ဦးအဆင်ပြေရန် တတ်နိုင်သလောက် ကူညီညှိနှိုင်းပေးပြီး ဆုတောင်းပေးခဲ့ပါသည်။ သို့သော် များမကြာမှီပင် သူ၏ဇနီးသည် အခြားတစ်‌ယောက်နှင့် လိုက်သွားပါတော့သည်။ ကျွန်တော်လည်းသူနှင့်အတူ စိတ်မကောင်းဖြစ်ခဲ့ရပါသည်။ ထိုနောက် သူလည်းသူ၏အိမ်ထောင်၌ပျက်ကွက်မှုများကို ဝန်ခံရင်းဖွင့်ဟပါသည်။ အကြောင်းရင်းမှာ သူသည် မိသားစုကို အချိန်ပေးခြင်းနှင့် ချစ်ခြင်းမေတ္တာကို ဦးစားမပေးခဲ့ကြောင့်ဖြစ်သည်။ နှစ်အကြာကြီး မိသားစုထက် အလုပ်ကို ပို၍အချိန်ပေးခဲ့ပါသည်။ အချိန်လွန်မှ သိရှိပြီးနောက် အရာရာနောက်ကျသွားခဲ့လေသည်။ ထို့ကြောင့် မိသားစုတိုင်းသည် အရေးကြီးဆုံးအရာဖြစ်သော ချစ်ခြင်းမေတ္တာ၌အုတ်မြစ်တည်မှ မယိမ်းယိုင်မပြိုလဲမည်ဖြစ်သည်။

ဖလားဆဲ