နောင်တမရစေလို
10.11.2021(Wednesday)
ဂလာတိ ၅:၁၃(ခ)“အချင်းချင်းချစ်၍ အမှုချင်းကို ဆောင်ရွက်ကြလော့”
နောင်တဟူသောစကားလေးသည် ပြုသင့်သည်ကိုမပြု မပြုသင့်သည်ကိုပြုသည့်ဟု အဓိပ္ပာယ်ဖွင့်ဆိုကြပါသည်။ ပညာရှင်များက နောင်တနှင့်ပတ်သတ်ပြီး အမျိုးမျိုးဖွင့်ဆိုကြသည်။ သေချာသောအရာမှာ နောင်တသည် အပေါင်းလက္ခဏာဆောင်သော စကားလုံးတော့မဟုတ်ပေ။
တစ်ခါက အသင်းအုပ်ဆရာတစ်ယောက်ရှိပါ၏။ သူ၏ တိုက်ဘေးတွင် ကျောက်ကပ်ရောဂါခံစားရသော အမျိုးသမီးတစ်ယောက်ရှိပါသည်။ သူမ၏ ရောဂါဝေဒနာအဆိုးဆုံးအချိန်တွင် သင်းအုပ်ဆရာသည် တတ်နိုင်သွားရောက်ဖေးမကာ ကူညီပေးခဲ့ပါသည်။ သူမတွင် ကူညီဖေးမမည့်ဆွေးမျိုးမရှိသောကြောင့် သင်းအုပ်ဆရာသာ သူမအတွက် အဖော်ဖြစ်ခဲ့သည်။ သို့သော် နောက်ပိုင်းတွင် သင်းအုပ်ဆရာသည် သူ၏အလုပ်များဖြင့် လုံးပန်းနေရသောကြောင့် သူမအားနားမထောင်အားတော့ပဲ ပျောက်ချင်းမလှပျောက်သွားပါတော့သည်။တနေ့တော့ သင်းအုပ်ဆရာသည် အပြင်မှပြန်လာပြီးနောက် သူ၏တိုက်နှင့် မနီးမဝေးတွင် လူများစုရုံးစုရုံးဖြစ်နေသည့်ကို တွေ့ရသည်။ အနီးကပ်ကြည့်လိုက်သောအခါ သွေးအိုင်ထဲ၌ ထိုအမျိုးသမီးကိုတွေ့ရပါတော့သည်။ တိုက်ပေါ်မှ ခုန်ချခြင်းဖြစ်သည်။ သူမ၏ရင်ဘတ်နှင့်လက်ကြားတွင် ကျမ်းစာကိုကျစ်ကျစ်ပါအောင်ကိုင်ထားသည်။ ထိုနောက် ကျမ်းစာအုပ်ထဲမှ စာရွက်အပိုင်းလေးကိုတွေ့ရပါသည်။ ထိုစာရွက်အပိုင်းလေးက“ကျွန်မဟာ ဘယ်သူမှ အချိန်မပေးချင်တဲ့သူတစ်ယောက်ပါ။ သေလိုက်တာပဲကောင်းတယ်။ခွင့်လွှတ်ပါ”ဟုရေးထားလေသည်။ ထိုစာပိုဒ်ကို ဖတ်ပြီးသင်းအုပ်ဆရာလည်း နောင်တကြီးစွာရပြီး မျက်ရည်များတသွင်သွင်စီးကျလာပါတော့သည်။ သင်းအုပ်ဆရာသည် အစကောင်းပြီး အဆုံးသတ်ကောင်းမွန်စွာ မလုပ်ဆောင်ခဲ့သောကြောင့် နောင်တများသာ ရရှိခဲ့ပါသည်။ ထိုအတူပဲ ကျွန်တော်တို့သည်လည်းမိမိလုပ်သင့်လုပ်ထိုက်သည့်ကို ပြီးဆုံးသည်အထိအကောင်းဆုံးလုပ်ဆောင်မှသာ နောင်တနှင့် ကင်းဝေးမည်ဖြစ်သည်။
ဖလားဆဲ
Reference>>အဆုံးသတ်ကောင်း(David W.F.Wong)