နာခံခြင်းဖြင့် အသက်ရှင်ပါ
9.11.2021(Tuesday)
၁ရာ ၁၅:၁၁“ငါသည် ရှောလုကို ရှင်ဘုရင်အရာ၌ခန့်ထားသည့်အမှုကြောင့် နောင်တရ၏။သူသည် ငါ့၏ပညတ်တို့ကိုမကျင့် ငါ့နောက်သို့မလိုက်၊ လမ်းလွှဲပြီးဟု မိန့်တော်မူ၏”
သမ္မာကျမ်းစာထဲတွင် ဘုရားသခင်၏စကားတော်ကို နာခံခြင်းဖြင့် လိုက်လျှောက်သူရှိသလို မနာခံခြင်းဖြင့် လိုက်လျှောက်သူများကို တွေ့နိုင်ပါသည်။ နာခံခြင်းအားဖြင့် ကောင်းကြီးမင်္ဂလာခံစားကြရသလို မနာခံခြင်းကြောင့် ဆုံးရှုံးခဲ့ကြရပါသည်။
မနာခံခြင်းကြောင့် ဆုံးရှုံးမှုများကြုံခဲ့ရသော ရှောလုမင်းကြီး၏အကြောင်းကိုဖော်ပြလိုပါ၏။ရှောလုသည် ဘုရားသခင်၏ရွေးကောက်ခြင်းဖြင့် က္ကသရေလလူမျိုးများ၏ ရှင်ဘုရင်ဖြစ်လာခဲ့သည်။ သိပ်မကြာမှီမှာပဲ ဖိလတ္တိလူမျိုးကို တိုက်ဖို့ဖြစ်လာသည်။ စစ်မထွက်မှီတွင် စစ်ပွဲအနိုင်ရရေးအတွက် ဘုရားသခင်ကို ယဇ်ပူဇော်ပြီး ဆုတောင်းဖို့ရှိပါသည်။ ထိုကြောင့်ယဇ်ပရောဟိတ်ကြီး ရှမွေလနှင့်တွေ့ဆုံရန်အချိန်းအချက်လုပ်ပါသည်။ သို့သော် ရှေလုသည် စိတ်မရှည်နိုင်တော့ပဲ ယဇ်ပူဇော်ခြင်းအမှုကိုလုပ်ဆောင်လိုက်ပါတော့သည်။ မကြာမှီမှာပဲ ရှမွေလသည်ရောက်ချလာသည်။ ရှမွေလလည်း ဤယဇ်ပူ ဇော်ခြင်းအမှုသည် သင်လုပ်ရမည့်အလုပ်မဟုတ်ဟု ပြောခဲ့ပါသည်။ ရှောလုမင်းကြီးသည် ဘုရားသခင်၏စကားတော်အပေါ် မနာခံခြင်းဖြင့်အသက်မရှင်သောကြောင့် ဆုံးရှုံးမှုများစွာ ကြုံခဲ့ပါသည်။ အကြိမ်ကြိမ်နာခံခြင်းမရှိသော လုပ်ရပ်များကြောင့် နောက်ဆုံးတွင် ဘုရားသခင်၏ငြင်းပယ်ခြင်းကိုခံခဲ့ရပါသည်။ နာခံခြင်းဖြင့် ဟအသက်ရှင်မှသာ ဘုရားသခင်၏ ချီးမြှာက်ခြင်းကို ခံရမည်ဖြစ်သည်။ ထိုအတူပဲ ကျွန်တော်တို့သည်လည်းနာခံခြင်းရှိသောအသက်တာဖြင့် ဘုရားသခင်၏ အလိုတော်အတိုင်းအသက်ရှင်ကြစို့။
ဖလားဆဲ