နှုတ်ကပတ်တော်အားဖြင့်သာ
8.11.2021(Monday)
၂တိ ၃: ၁၆-၁၇” ထိုကျမ်းစာရှိသမျှသည် ဘုရားသခင် မှုတ်သွင်းတော်မူသော အားဖြင့်ဖြစ်၍၊ ဘုရားသခင်၏ လူသည်စုံလင်သောသူ၊ကောင်းသော အမှုအမျိုးမျိုးတို့ကို ပြုစုခြင်းအလိုငှါ ပြင်ဆင်သောသူ ဖြစ်မည်အကြောင်း၊ဩဝါဒပေးခြင်း၊အပြစ်ကိုဘော်ပြခြင်း၊ ဖြောင့်မတ်စွာ ပြုပြင်ခြင်း၊ တရားကို သွန်သင်ခြင်း၊ဖြောင့်မတ်စွာ ပြုပြင်ခြင်း၊တရားကိုသွန်သင်ခြင်း၊ ကျေးဇူးများကို ပြုတတ်၏”
နှုတ်ကပတ်တော်သည် ကျွန်တော်တို့၏အသက်တာကို နည်းလမ်းအမျိုးမျိုးဖြင့် အသက်တာကို ပြုပြင်ပြောင်းလဲပေးပါသည်။ ဓမ္မဟောင်းကျမ်းထဲမှာတော့ ဘုရားသခင်သည် သူရွေးကောက်ထားတဲ့ ဘုရင်၊ ပရောဖက်တွေအားဖြင့် စကားပြောခဲ့ပါသည်။ ရောမ ၁၅:၄ တွင် “ငါတို့သည် ကျမ်းစာ၌ပါသော သည်းခံခြင်း၊ သက်သာခြင်းအကြောင်းများကို အမှီပြု၍ မျှော်လင့်ရသောအခွင့်ရှိစေခြင်းငှာ ကျမ်းစာ၌ အထက်ကရေးထားသမျှသည် ငါတို့ကို ဆုံးမဩဝါဒပေး၍ရေးထားသတည်း”ဟု မိန့်ဆိုထားပါသည်။ ။ နှုတ်ကပတ်တော်ဖတ်ရှုခြင်းဖြင့် ရရှိလာမည့်အကျိုး ကျေးဇူးများကတော့..
(၁) နှုတ်ကပတ်တော်အားဖြင့် ကြီးထွားခြင်း
(၂) နှုတ်ကပတ်တော်အားဖြင့် ရှင်းလင်းခြင်း
(၃) နှုတ်ကပတ်တော်အားဖြင့် သန့်ရှင်းစေခြင်း
(၄) နှုတ်ကပတ်တော်အားဖြင့် မွေးဖွားခြင်း၊
(၅) နှုတ်ကပတ်တော်အားဖြင့် ကာကွယ်ပေးခြင်း
(၆) နှုတ်ကပတ်တော်အားဖြင့် တည်ဆောက်ပေးခြင်း
(၅) နှုတ်ကပတ်တော်အားဖြင့် လမ်းပြုခြင်း
(၈) နှုတ်ကပတ်တော်အားဖြင့် အလိုဆန္ဒပြည့်စုံခြင်း
ဒါကြောင့် ကျွန်တော်တို့၏အသက်တာမှာ နှုတ်ကပတ်တော်ကိုဦးစားပေးပြီးအသက်ရှင်ကြရမည်ဖြစ်သည်။ နှုတ်ကပတ်တော်အားဖြင့်သာ ဖြောင့်မတ်သောသူ၊ သန့်ရှင်းသူ၊ ချစ်ခြင်းမေတ္တာရှိသောသူအဖြစ် ပြုပြင်ပြောင်းလဲပေးမှာဖြစ်ပါသည် ။ ဘုရားသခင်ထံကဖွင့်ပြခြင်းနဲ့အတူ ဝမ်းမြောက်ပျော်ရွှင်ပြီး သူတစ်ပါးအသက်တာကိုလည်း ပြန်လည်တည်ဆောက်ပေးသောသူအဖြစ် အသက်ရှင်ရင်း ဆက်လက်လုပ်ဆောင်ကြပါစို့။
ဖလားဆဲ
Reference=Purpose driven Life
https://www.plarhser.com/archives/283/တွင်လည်းဖတ်ရှုနိုင်ပါသည်။