ယောဟန် ၄:၂၄” ဘုရားသခင်သည် နံဝိညာဉ်ဖြစ်တော်မူ၏။ ဘုရားသခင်ကို ကိုးကွယ်သောသူတို့သည်နံဝိညာဉ်နှင့်၎င်းသစ္စာနှင့်၎င်းကိုးကွယ်ရမည်ဟု မိန့်တော် မူ၏”
ယနေ့ ကျွန်ုပ်တို့ အသက်ရှင်နေထိုင်ရတဲ့ကမ္ဘာကြီးထဲတွင် လောက၏ ဆွဲဆောင်မှုများ သည်လွန်စွာမှ အင်အားကြီးမားလာသည်ကို တွေ့ရမည်ဖြစ်သည်။ ရုပ်ဝတ္ထုပစွည်းများ၏ ဆွဲဆောင်မှု များသည် ကျွန်ုပ်တို့အယောက်စီတိုင်း ကို ဘုရားနှင့်ဝေးရာသို့ တရွေ့ရွေ့ ခေါ်ဆောင် သွား နေသည်ကို တွေ့ရမည်ဖြစ်သည်။ ကျွန်ုပ်တို့ ဤလောကကြီးထဲသို့ ရောက်ရှိလာရခြင်းသည် ဝတ်ပြု ကိုးကွယ် ခြင်းအားဖြင့်ဘုရားဘုန်းတော်ထင်ရှားစေဖို့ရန်ဖြစ်ပါသည်။ ရင့်ကျက်သော ခရစ်ယာန် အသက်တာသို့ တတ်လှမ်းလိုပါက ဘုရားသခင်ကို ဝတ်ပြုကိုးကွယ် ဖို့ရန် အချိန်ပေး ရမည် ဖြစ်သည်။ ကမ္ဘာပေါ်တွင် ဘုရားသခင်ကို ပထမဆုံး ဝတ်ပြု ကိုးကွယ်တဲ့ သူသည် အာဗြံဟံ ဖြစ်ပါ သည်။ ကမ္ဘာဦးကျမ်း ၁၉:၂၇ ထဲတွင် အာဗြံဟံသည် နံနက်စောစောထ၍ ဘုရားသခင်ကို ဝတ်ပြု ကိုးကွယ်သည်ဟု ဖော်ပြ ထားပါသည်။ သူသည် ဘုရားသခင်ကို ဝတ်ပြု ကိုးကွယ်ခြင်း ကြောင့် ကောင်းကြီးမင်္ဂလာ သုံးခု ရရှိခဲ့ပါသည်။ ထိုအရာများကတော့
(၁) ဘုရားဘုန်းတော်ထင်ရှားစေခဲ့ပါသည်
(၂) ယုံကြည်သူများကောင်းကြီးမင်္ဂလာခံရပါသည်
(၃) ဘုရားသခင်ရှေ့မှာ မျက်နှာသာရခဲ့ပါသည်
အာဗြံဟံသည် ဘုရားသခင် ကျေနပ်နှစ်သက်စေသော ဝတ်ပြုကိုးကွယ်ခြင်း ကို နေ့စဉ် ပြုလုပ် သောကြောင့် မျိုးရိုးစဉ်ဆက် အဆက်ဆက်တိုင်အောင် ကောင်းကြီးမင်္ဂလာ ခံစားခဲ့ရ ပါသည်။ ယုံကြည်သူ ခရစ်ယာန်တစ်ယောက်အနေနဲ့ ဘုရားသခင်ကို ဝတ်ပြုကိုးကွယ် ဖို့ရန် အချိန် ပေးရမည် ဖြစ်သည်။ အဘယ်ကြောင့် ဆိုသော် လောကကြီး၏ လောကဓံ တရားများ ကို ခံနိုင်ဖို့ရန် ဘုရား ပေးသော ခွန်အားနှင့် ကွယ်ကာခြင်းများရှိမှသာ ကျော်ဖြတ်နိုင်မည် ဖြစ်သည်။ ဝတ်ပြု ကိုးကွယ်ခြင်း ဟု ဆိုသည်အခါတွင် ဘုရားသခင်ကျေနပ်စေသော ဝတ်ပြုကိုးကွယ်ခြင်း ဖြစ်ဖို့ လိုပါ သည်။ အပြင် ပန်း အားဖြင့် ချီးမွမ်းကိုးကွယ်ခြင်းများကို ဘုရားသခင် မနှစ်သက်ပါ။ စိတ်နှလုံး အကြွင်းမဲ့ ချီးမွမ်း ကိုးကွယ်ကိုသာ ဘုရားသခင် လက်ခံမည်ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်အား ဝတ်ပြု ကိုးကွယ် ဖို့ရန် အချိန်ပေးကြပါစို့။
ဖလားဆဲ