(၁၀၀) ခံနိုင်ရည်အားကိုပေးသောဘုရား

Share

ဟေရှာယ ၄၀:၂၉ ထိုဘုရားသည် မောသောသူတို့အား၊ ခွန်အားကို ပေးတော် မူ၏။နွမ်းနယ်သောသူတို့အား၊ အစွမ်းသတ္တိ နှင့်ပြည့်စုံသော အခွင့်ကို ပေးတော် မူ၏

လူတစ်ယောက်ကျန်းမာဖို့ရန် ကိုယ်ခံအားစနစ်အားကောင်းဖို့လိုပါသည်။ ကိုယ်ခံ အားနည်းသောအခါတွင် များစွာသောရောဂါများ၏ ထိုးနှက်မှုများကိုခံရနိုင်ပါသည်။ ယနေ့ကမ္ဘာကြီးတစ်ခုလုံးရင်ဆိုင်နေရသော covid 19ရောဂါကိုတိုက်ထုတ်နိုင်ဖို့ရန် လူ၏ ကိုယ်ခံအားစနစ်သည်ကောင်းမွန်မှသာ တိုက်ထုတ်နိုင်မည်ဖြစ်သည်။ ကိုယ်ခံအား ကောင်း မှသာ ခံနိုင်ရည်ရှိမည်ဖြစ်သည်။

ယုံကြည်သူခရစ်ယာန်အသက်တာတွင်လည်း လောကဓံ၏ထိုးနှက်မှုများ၊ ဖိစီးမှု များကို ရင်ဆိုင်နိုင်ဖို့ရန် ခံနိုင်ရည်အားလိုပါသည်။ ထိုခံနိုင်ရည်အားကတော့ ဘုရားပေး သောခံနိုင်ရည်အားဖြစ်သည်။ဥပမာအားဖြင့် ဖုန်းတစ်လုံးအားအမြဲပြည့်နေဖို့ရန် အားသွင်း ထားဖို့လိုပါသည်။ ဖုန်းသည် သူ၏ခံနိုင်ရည်အားကို ကျော်လွန်၍ အသုံးပြုခြင်းခံရပါက စက်ပိတ်သွားမည်ဖြစ်သည်။ အားပြန်ပြည့်ဖို့ရန် အားသွင်းခြင်းနှင့် အဆက်ပြတ်လို့မရပေ။ ထိုအတူပဲ ဘုရားပေးသောခံနိုင်ရည်မရှိပါက ကျွန်တော်တို့သည် ဘယ်အရာမှ ခံနိုင်ရည် ရှိမည်မဟုတ်ပေ။ ဘုရားမပါသောအသက်တာသည် သွေ့ခြောက်၍ခြောက်ကပ်နေသော ကန္တာရလွင်ပြင်ကဲ့သို့ပင်ဖြစ်‌သည်။ ခံနိုင်ရည်အားရှိဖို့ရန် လုပ်ဆောင်ရမည့်အရာများကို မပျက်မကွက်လုပ်ဆောင်ရပါမည်။ လူတစ်ယောက်ခံနိုင်ရည်ရှိဖို့ရန် အစားအစာစားရ သကဲ့သို့ ဝိညာဉ်အစာများဖြစ်သောကျမ်းစာဖတ်ခြင်း၊ဆုတောင်းခြင်း၊ ဘုရားသခင်နှင့် မိသဟာရ ဖွဲ့ခြင်းများလုပ်ဆောင်ရပါမည်။ ထိုသို့ လုပ်ဆောင်ခြင်းများအားဖြင့် ဘုရား သခင်သည် ခံနိုင်ရည်အားကို သွန်းလောင်းပေးမည်ဖြစ်သည်။ ခံနိုင်ရည်အားကို ပေးတော် မူသော ဘုရားသခင်နှင့်အတူလျှောက်လှမ်းခြင်း နေ့ရက်တိုင်းကို ကျော်ဖြတ် ကြစို့။