မဿဲ၇:၇”တောင်းကြလော့။တောင်းလျှင်ရမည်။ရှာကြလော့ ရှာလျှင် တွေ့မည်။ တံခါးကိုခေါက်ကြလော့။ ခေါက်လျှင်ဖွင့်မည်”
ဆုတောင်းခြင်းသည် အရာအားလုံးကို ပြောင်းလဲစေပါသည်။ မဖြစ်နိုင် သော အရာ၊ မတတ်နိုင်သောအရာများသည် ဆုတောင်းခြင်းအားဖြင့်သာ ကျော်ဖြတ် နိုင်မည် ဖြစ် သည်။ နှုတ်ကပတ်တော်သမ္မာတရားလာသည်မှာ “တောင်းကြလော့။ တောင်းလျှင် ရမည်”ဟူသောဂတိတော်ဖြစ်သည်။ ကျွန်တော်တို့ လုပ်ဆောင်ရမည်မှာ “ဆုတောင်းခြင်း” ဖြင့် ဘုရားသခင်ထံ ကြားလျှောက်ဖို့ရန်ဖြစ်သည်။
ဘုရားသခင်သည် သူ၏သားသမီးအယောက်စီတိုင်းကိုချစ်တော်မူသော ဘုရား ဖြစ်ပါသည်။ တပါးတည်းသော သားတော်ကို စွန့်တော်မူသည့်တိုင်အောင် လောကီသား တို့ကို ချစ်တော်မူသော ဘုရားဖြစ်သည်။ ဘုရားသခင်၏ သားသမီးများဖြစ်သည့် အလျောက် တောင်းလျှောက်သမျှသောအရာများကို ဘုရားသခင်သည် နားညောင်းတော် မူ မည်ဖြစ်သည်။ ဥပမာအနေဖြင့်- သားသမီးများက မိဘအားမုန့်ကိုတောင်းလျှင် ကျောက်ခဲ ကို ပေးမည့်မိဘမရှိပါ။ ငါးကိုတောင်းလျှင်လည်း မြွေကိုပေးမည့်မိဘမရှိပါ။ ထိုအတူပဲ ဘုရားသခင်သည် သူ၏သားသမီးများအတွက်အကောင်းဆုံးကိုသာ ပေးသော ဘုရား ဖြစ်ပါသည်။ဆုတောင်းခြင်းသည် ဘုရားသခင်၏အံဩဘွယ်ရာများကို မြင်တွေ့ လာနိုင်သောနည်းလမ်းတစ်ခုဖြစ်သည်။ထို့ကြောင့်ဆုတောင်းခြင်းအားဖြင့်ဘုရားသခင်ထံတောင်း လျှောက်ကြပါစို့ဟု ခွန်အားပေးလိုပါသည်။