(၆)ကျေးဇူးတော်များကို ရေတွက်ပါ

Share

၁သက် ၅:၁၈ အရာရာ၌ကျေးဇူးတော်ကို ချီးမွမ်းကြလော့။ အကြောင်းမူ ကား၊ သင်တို့သည်ထိုသို့ကျင့်စေခြင်းငှာ၊ ယေရှုခရစ်၌ ဘုရားသခင် အလိုတော် ရှိ၏

ဘုရားသခင်ကျေးဇူးတော်များကို ပြန်လည်ရေတွက်ပါက ချီးမွမ်းမကုန်နိုင်ပေ။ ကျွန်ပ် တို့ကိုယနေ့ထိတိုင်အောင်အသက်ရှင်ရသောအခွင့်ကိုပေးတော်မူသော ဘုရားသခင်၏ ကျေးဇူး‌တော် များကို အစဉ်အမြဲချီးမွမ်းရမည်ဖြစ်သည်။ နေရက်စဉ်တိုင်း ကျွန်ုပ်တို့သည် ဘုရားသခင်၏ ကျေးဇူး တော်နှင့်မထိုက်တန်သော်ငြားလည်း ဘုရားသခင်ဂရုဏာတော်များသည် ကျွန်ုပ်တို့၏ အသက်တာ တွင် ‌လုံလောက်လျှက်ရှိနေပါသည်။

လူတစ်ယောက်သည် လောကကြီးထဲ အသက်ရှင်နေထိုင်ဖို့ရန် လေထုတွင် အောက်စီဂျင် (၂၂%)နှင့် နိုက်ထရိုဂျင် (၇၈%)တို့ပေါင်းစပ်ခြင်းအားဖြင့်သာ အသက်ရှင်နိုင်ခြင်း ဖြစ်သည်။ အကယ်၍သာ အောက်စီဂျင်နှင့် နိုက်ထရိုဂျင် တို့သည် ဤအချိုးအစားအတိုင်းမဟုတ်ပါက ကျွန်ုပ် တို့သည် အသက်ရှင်နိုင်မည်မဟုတ်ပေ။ ကျွန်ုပ်တို့လူသားများ မျှမျှတတအသက်ရှင်နိုင်ရန် ဘုရား သခင်သည် လေကိုဖန်ဆင်းထားခြင်းဖြစ်သည်။ ထို့အပြင် လနှင့်ကမ္ဘာသည် မိုင်ပေါင်း (၉၃) သန်း ကွာဝေးစေခြင်း အားဖြင့် ကျန်ုပ်တို့သည် အပူအအေးမျှတစွာ အသက်ရှင်နိုင်ခြင်း ဖြစ်သည်။ ဆရာကြီး Billy Grahamက “အသက်တာတွင် ပစွည်းဥစ္စာမည်မျှပင် ကြွယ်ဝချမ်းသာ သော်ငြား လည်း ကျေးဇူးတော် ချီးမွမ်းခြင်းမရှိလျှင် ဆင်းရဲသောသူတောင်းစားပင် ဖြစ်နေပေလိမ့် မည်။ သို့ရာတွင် သင်သည် အလွန်ဆင်းရဲသော်လည်းကျေးဇူးတင်တတ်သောသဘောရှိလျှင် လောက မုန်တိုင်း ဘယ်လောက်ပင် ပြင်းထန်ဆိုးဝါးသော်ငြားလည်း ရပ်တည်နိုင်၍ ပြောမကုန်နိုင်သော သူဌေးဖြစ်နေလိမ့်မည်”ဟု ပြောခဲ့ပါသည်။ တမန်တော်ဝတ္ထုထဲ၌ ရှင်ပေါလုနှင့် သိလ တို့၏ ဘဝ အသက်တာတွင်လည်း  ရိုက်နှက်ခံရပြီးနောက် ထောင်ထဲ၌ ‌ဘုရားသခင်၏ ဂုဏ်တော် ကို ချီးမွမ်းပြီး‌ နောက်အံဩဘွယ်ရာ ထောင်တံခါးများပွင့်ထွက်ကုန်ပါသည်။

ထို့‌ကြောင့်အဆင်ပြေသည်ဖြစ်စေ ခက်ခဲသည်ဖြစ်စေ ကျွန်ုပ်တို့၏ ဘဝ အသက်တာ တွင် ဘုရားသခင် ကျေးဇူးတော်များကို အစဉ်အမြဲ ရေတွက်ရမည် ဖြစ်သည်။ကျေးဇူး‌တော်များ ကို ချီးမွမ်း သောသူသည် ဘုရားသခင်၏ဘုန်းတော်ကိုထင်ရှား‌ စေသောသူ ဖြစ်မည် ဖြစ်သည်။

ဖလားဆဲ