ဆာလံကျမ်း ၁၂၁:၅” ထာဝရဘုရားသည် သင့်ကို စောင့်တော်မူ၏။ ထာဝရ ဘုရားသည် သင်၏လက်ျာဘက်၌ ရှိသော သင်ခိုလှုံရာ အရိပ်ဖြစ် တော်မူ၏”
ခရီးတစ်ခုသို့သွားသည့်အခါတွင် လမ်းပြသူသည် အင်မတန်မှအရေးကြီးလှပါသည်။ သွားမည့်ခရီးတွင် လမ်းပြမရှိဘဲသွားသောခရီးသည် ပို၍ ကြန့်ကြာတတ်ပါသည်။ သမ္မာ ကျမ်းစာ ထဲတွင် က္ကသရေလလူမျိုးများသည် ခါနာန်ပြည်သို့ ရောက်ရန်နှစ်ပေါင်း (၄၀)ကြာ သွားခဲ့ပါသည်။လမ်းပြသူရှိသောငြားလည်း အစဉ်အမြဲ ညီးတွားမှု၊မယုံကြည်မှုများကြောင့် လိုရာခရီးသို့ရောက်ရန် အချိန်များစွာယူခဲ့ရပါသည်။
တစ်ခါကရှေ့တန်းစစ်မြေပြင်မှပြန်လာသောစစ်သည်သုံးယောက်သည် နယူးယောက် မြို့တော်သို့ ရောက်လာပါသည်။ စစ်ပွဲထဲမှ ကြုံတွေခဲ့ရသော နာကျင်မှုများ၊ စိတ်ညစ် စရာများ၊ ဖိစီးမှုများကိုခနမေ့ထားပြီးအားရပါးရပျော်ဖို့ အစီအစဉ်များ ဆွဲခဲ့ကြ ပါသည်။ အကောင်းစား ဟိုတယ်တွင် ဇိမ်ကျကျတည်းခိုဖို့ရန် အထပ်(၃၀)အခန်းတွင် ကြိုတင် ဘွတ်ကင်လုပ် ထားကြပါသည်။တနေ့လုံး လျှောက်လည်ပြီး ညနေပိုင်းဟိုတယ်သို့ ပြန်လာသည့် အခါတွင် စာရေးကဓါတ်လှေကားပျက်နေ၍ အောက်ထပ်မှာပဲ ခေါက်ကုတင်ဖြင့် အိပ်ရန် အကြံပေး ပါသည်။ သို့သော် သူတို့သည် လက်မခံဘဲ အထပ်(၃၀)သို့ လှေကားမှ တဆင့်ပြီး တဆင့် တတ်ရန်ဆုံးဖြတ်လိုက်ကြပါတော့သည်။ (၂၉)သို့ရောက်သောအခါသူတို့သည်မတတ်နိုင် တော့ဘဲ အားကုန်သွားကြပါတော့သည်။ သို့သော်အားတင်းရင်းတတ်လာခဲ့ရာ အထပ် (၃၀)သို့ ရောက်သောအခါသူတို့အဖွဲ့ထဲမှ ခေါင်းဆောင်တစ်ယောက်က “ဟော သွားပြီး” အော်ရင်း ရယ် လေသည်။ထိုအခါအဖော်နှစ်ယောက်က “ ဘာဖြစ်တာလဲကွ” ဟုမေးလိုက် ပါသည်။ ထို့နောက် သူက“စာရေးဆီက သော့ယူဖို့ ငါမေ့ကျန်ခဲ့တယ်”ဟု ဖြေလိုက်တော့သည်။ ကျန်နှစ်ယောက် လည်းပျော့ခွေသွားပြီးမေ့မျောသွားပါတော့သည်။ ထိုညတွင် သုံးယောက်စလုံး အဆင်ပြေ သလိုသာအိပ်ခဲ့ရပါတော့သည်။အရေးကြီးဆုံးအရာဖြစ်သောသော့ကိုမေ့သွားသောကြောင့်ဖြစ်သည်။ထိုအတူပဲကျွန်တော်တို့၏ အသက်တာထဲတွင်လည်းလမ်းပြရှင်ဖြစ်သော ခရစ်တော် မပါလျှင် ဘဝခရီးသည် လိုရာသို့မရောက်နိုင်ပါ။ အရေးကြီးဆုံး အရာဖြစ်သော ခရစ်တော်ကို သိကျွမ်းပြီး ဘဝအသက်တာကိုအစပြုမှသာ အဆုံးသတ်လှပလို့ နေမည် ဖြစ်သည်ဟု အားပေး လိုပါသည်။