ဆာလံကျမ်း ၆၅:၁၁”နှစ်တို့ကို ကျေးဇူးတော်နှင့်ပတ်ရစ်တော်မူ၍၊ ခြေတော်ရာ တို့သည် ဆီဥယိုတတ်ကြပါ၏”
ကျွန်တော်တို့သည် ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် ဤလောကကြီးထဲ အသက်ရှင်ခွင့်ရခြင်းဖြစ်သည်။တစ်နှစ်ပြီးတစ်နှစ် မွေးနေ့ရက်မြတ်ရောက်သည့်အခါတိုင်း ကျေးဇူးတော်များကို ရေတွက်အောက်မေ့ရမည်ဖြစ်သည်။
အချို့ကတော့ ငယ်စဉ်အရွယ်က မွေးနေ့မင်္ဂလာဝတ်ပြုခြင်းကို လုပ်ဆောင်သော် လည်း အသက်ကြီးပြင်းလာသောအခါတွင် လုပ်ဆောင်ဖို့ရန်ပျက်ကွက်ကြပါတော့သည်။ မှားယွင်းသော ခံယူချက်တစ်ခုသာဖြစ်ပါသည်။ ဘုရားသခင်သည် မိမိကို ဤလောကထဲ ရောက်လာသည့်အခွင့်ကိုပေးသော ရက်မြတ်ကို တန်ဖိုးထားရမည်ဖြစ်သည်။ မွေးနေ့ ရက်မြတ်ကို လုပ်သော်ငြားလည်း မှားယွင်းသောနည်းလမ်းများဖြင့် လုပ်ဆောင်ပါက အချည်းနှီးပင်ဖြစ်သည်။ ရှင်မဿဲ ၁၄:၁-၁၂တွင် ဟေရုဒ်မင်းကြီး၏ မွေးနေ့မင်္ဂလာကို တွေ့ရမည်ဖြစ်သည်။ ထိုမွေးနေ့ပွဲတွင် မိဖုရားဟေရောဒိ၏သမီးသည် အကဖြင့် ဖျော်ဖြေ သောအခါတွင် ရှင်ဘုရင်၏စိတ်နှလုံးကို နူးညွတ်စေသောကြောင့်” ငါသည် သင်တောင်း သမျှကို ပေးမည်ဟု “ကျိန်ဆိုလိုက်ပါသည်။ ထိုအခါ မိဖုရားဟေရောဒိ၏သမီးက “ဗတ္တိဇံ ဆရာယောဟန်၏ ဦးခေါင်းကိုပေးပါ”ဟုတောင်းလျှောက်ခဲ့ပါသည်။ ပျှော်ရွင်ဖွယ်ရာမွေး နေ့မဟုတ်တော့ပဲ သွေးစွန်းခဲ့သောမွေးနေ့ဖြစ်ခဲ့ရပါသည်။ ထို့အတူပဲ ကျွန်တော်တို့၏ အသက်တာထဲတွင် ဘုရားဘုန်းတော်ရှုပ်ချစေသောမွေးနေ့မဖြစ်ဖို့လိုပါသည်။ ထို့ကြောင့် မိမိ၏မွေးနေ့ကို တန်ဖိုးထားကာ ကျေးဇူးများကိုရေတွက်ပြီး အကောင်းဆုံး အသက်ရှင် လျှောက်လှမ်းကြပါစို့။