(၉၂) ခရစ်တော်အတွက်အသက်ရှင်သူ

Share

၂ကော ၄:၈-၉ ငါတို့သည် အမျိုးမျိုးသော စုံစမ်းခြင်းကို ခံရသော်လည်း၊ အကျိုးနည်း ခြင်းသို့မရောက်၊ မကြံစည်နိုင်အောင်ရှိသော်လည်း စိတ်မပျက်။ ညှဉ်းဆဲခြင်းကို ခံရသော်လည်း ရှုံးခြင်းမရှိ၊ အောက်သို့လှဲခြင်းခံရသော်လည်း ဆုံးရာသို့မရောက်

ကနဦးယုံကြည်သူခရစ်ယာန်များသည် အမျိုးမျိုးသော အနှောင်အယှက်၊ စုံစမ်း ခြင်းများကို ကြုံတွေ့ခဲ့ရပါသည်။ ခရစ်တော်အတွက် မိမိအသက်ကို ပေးခဲ့ကြပါသည်။ သူတို့၏ ပေးဆပ်မှု၊ အနစ်နာခံမှုကြောင့် ခရစ်တော်၏ ဝမ်းမြောက်ဖွယ်ရာ ကယ်တင်ခြင်း သတင်းစကားသည် တိုင်းနိုင်ငံအသီးသီးသို့ ပြန့်နှံ့သွားခဲ့ပါသည်။

ကျွန်တော်တို့၏ အသက်တာတွင်လည်း အနှောင့်အယှက်၊ စုံစမ်းခြင်းများကို နေ့တိုင်း ရင်ဆိုင်ကြရမည် ဖြစ်သည်။ သို့သော်ကနဦးယုံကြည်သူများကတော့ အနှောင့် အယှက်များကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့ပြီးအကောင်းဆုံး အသက်ရှင် သွားခဲ့ကြ ပါသည်။ကနေဒါနိုင်ငံသားဖြစ်သောဒေါက်တာအိုင်းယွန်းဆိုဒ်သည်အသက်(၁၉)နှစ် အရွယ် တွင် သာသနာပြုဖို့ ဆက်ကပ်ခဲ့ပြီး အိန္ဒိယနိုင်ငံသို့ သင်္ဘောအခမဲ့စီးပြီး ယုံကြည်ခြင်းဖြင့် ရောက်လာခဲ့ပါသည်။သူ၏ တိုင်းပြည်၊ လူမျိုး၊ မိသားစု၊ အိမ်ကိုစွန့်ပြီး အသက်ငယ်ငယ် ရွယ်ရွယ်ဖြင့် ခရစ်တော် အတွက် အသက်ရှင်ခဲ့ပါသည်။ အခက်ခဲများစွာ ရင်ဆိုင် ရမည် ဖြစ်သည်။ သူ၏ ဆက်ကပ်မှုကြောင့် များစွာသောလူများခရစ်တော်ကို ယုံကြည် လက်ခံ လာကြပါသည်။ အသက်(၆၅)နှစ်မှ သူ့၏တိုင်းပြည်တွင် ဆက်လက် အမှုတော် ဆောင် ပါ သည်။ (၄၆)နှစ်တိုင်တိုင် မိမိ၏ အသက်တာကို အိန္ဒိယလူမျိုးများ ခရစ်တော်ကို သိရှိ ဖို့ရန် အတွက် ပေးဆပ်ခဲ့ပါသည်။

ခရစ်တော်အတွက်ပေးဆပ်သောသူသည် ကောင်းကင်နိုင်ငံတွင် ဆုလဒ် သရဖူ များကို ရရှိမည်ဟု ဂတိတော်ရှိပါသည်။ ခရစ်တော်အတွက် လုပ်ဆောင်သော အရာများ သည် ဘယ်သောအခါမျှ အချည်းနှီးမဖြစ်စေပါ။ ထို့ကြောင့် ခရစ်တော်အမှုတော်မြတ်တွင် သာ၍တိုး၍ အစေခံကြပါစို့။