(၉၁) သမ္မာတရား၌အုတ်မြစ်တည်ပါ

Share

ဆာလံကျမ်း ၁:၂(ခ) ထာဝရဘုရား၏ တရားတော်၌ မွေ့လျော်၍ တရားတော်ကို နေ့ညဥ့်မပြတ်ဆင်ခြင်အောက်မေ့သောသူသည်မင်္ဂလာရှိ၏

အိမ်တစ်အိမ်ဆောက်သည့်အခါတွင် အုတ်မြစ်သည်အင်မတန်မှ အရေးကြီးပါ သည်။ အုတ်မြစ်ကောင်းစွာမတည်သောအိမ်သည် လေပြင်းမုန်တိုင်းများ နှင့်ရင်ဆိုင် ရပါက တခနအတွင်းပြိုလဲပျက်စီးသွားနိုင်ပါသည်။ ထိုအတူပဲ ယုံကြည်သူ ခရစ်ယာန် တစ်‌ယောက်၏အသက်တာသည် သမ္မာတရား၌ အုတ်မြစ်တည်ဖို့လိုပါသည်။ ခိုင်မာသော ယုံကြည်မှု၊ သမ္မာတရား၌ အုတ်မြစ်တည်ခြင်းမရှိပါက ဖြားယောင်းသွေးဆောင်မှု များနောက်သို့ အလွယ်တကူပင် ပါသွားနိုင်ပါသည်။

အသင်းတော်အသီးသီးတွင်ခလေးများအတွက် Sunday School အစီအစဉ်များ လုပ်ဆောင်ကြပါသည်။ Sunday School လုပ်ဆောင်ရခြင်းသည်ရည်ရွယ်ချက်သည် ခလေး သူငယ်များ ခိုင်မာသော ယုံကြည်ခြင်း၊ သမ္မာတရား၌ ခိုင်ခံ့ဖို့ရန်ဖြစ်သည်။ ငယ်စဉ်အခါ၌သမ္မာတရားကို သိပြီးကြီးပြင်းလာသော ခလေးသည် ကြီးပြင်းလာ သောအခါတွင် စုံစမ်းခြင်းများ၊ မှားယွင်းသော သွန်သင်မှုများကို တွန်းလှန်နိုင် မည်ဖြစ် သည်။ အဘယ်ကြောင့် ဆိုသော်မှန်ကန်သောသမ္မာတရားကို သိသော ကြောင့် ဖြစ်သည်။

ယနေ့ခေတ်ကာလတွင် များစွာသော စုံစမ်းသွေးဆောင်ခြင်းများသည် ကျွန်တော်တို့ကို ဆွဲဆောင်လို့နေပါသည်။ သမ္မာတရား၌အုတ်မြစ်တည်ဖို့လိုပါသည်။ နေ့စဉ်ဘုရားသခင်၏ နှုတ်ကပတ်တော်သမ္မာတရား၌ အုတ်မြစ်တည်မှသာ မယိုင်လဲ၊ မပျက်စီးမည်ဖြစ်သည်။