၁တိ ၄:၁၂ ” သင်၏အသက်အရွယ် နုပျိုသည်ကို အဘယ်သူမျှ မထီမဲ့မြင် မပြုစေနှင့်။ စကားပြောခြင်း၊ ကျင့်ကြံပြုမူခြင်း၊ သူတပါးကိုချစ်ခြင်း၊ ဝိဉာဉ် သဘောရှိခြင်း၊ သစွာစောင့်ခြင်း၊ စင်ကြယ်ခြင်းအရာမှာ၊ ယုံကြည်သောသူတို့အား ပုံသက်သေကိုပြလော့”
လူငယ်အရွယ်သည် အင်မတန်မှ ဖြတ်လတ်သန်စွမ်းသောအရွယ်ဖြစ်ပါ၏။ ဘဝ၏လှိုင်းတပိုးဒဏ်ကိုလည်း အခံရဆုံးအရွယ်ဖြစ်ပါသည်။ ရွေးချယ်စရာများကလည်း များလှပါသည်။ ရည်မှန်းချက်များလည်း ဇဝေဇဝါဖြစ်တတ်ပါသည်။ ဘုရားသခင်ကို သိကျွမ်းသောပညာမရှိပါက ပျက်စီးခြင်းလမ်းများထက်သို့ ရောက်သွားနိုင်ပါသည်။
သမ္မာကျမ်းစာထဲ၌ယဇ်ပရောဟိတ်ကြီး ဧလိ၏သားများအကြောင်းကို ဖော်ပြလို ပါ၏။ သူ၏ သားတို့သည် လူငယ်အရွယ်ပင်ဖြစ်သော်လည်း ဘုရားသခင် မနှစ်သက်သော အမှုအရာများကို လုပ်ဆောင်ခဲ့ကြပါသည်။ သူတို့သည် ဘုရားသခင်ကို မကြောက်ရွံ့ပဲ ဗိမာန်တော်ထဲတွင်တောင်မှ အမျိုးသမီးများနှင့် မှားယွင်းကြပါသည်။ ထို့အပြင် ယဇ်ပူဇော် သကာများကိုလည်း ခွင့်ယူချက်မရဘဲ လုယူစားသောက်ကြပါသည်။ သို့သော်ရှမွေလ သည် ဘုရားသခင်၏စကားတော်ကို နားထောင်သောသူဖြစ်သည်။ ထို့နောက်ဘုရား သခင်သည် ရှမွေလကို ဧလိ၏သားတို့အား စီရင်တော်မူမည်ဖြစ်သည့်အကြောင်း မိန့်တော်မူခဲ့ ပါသည်။ ဧလိ၏သားတို့သည် မိမိ၏နုပျိုခြင်းအရွယ်ကို တန်ဖိုးမထားပဲ မှားယွင်းစွာ အသက်ရှင်ကြသောကြောင့် စီရင်ခြင်းကို ခံခဲ့ကြရပါသည်။ ရှမွေလကတော့ တန်ဖိုးရှိသော လူငယ်အဖြစ် အစဉ်အတိုင်းကြီးထွားရင့်ကျက်လာခဲ့ပါသည်။
ထို့ကြောင့် လူငယ်များသည် ဘုရားသခင်ကို သိသောပညာရှိမှသာ တန်ဖိုးရှိသော လူငယ်များဖြစ်ပါမည်။ မိမိ၏အသက်တာဘဝခရီးကို ဘုရားသခင်ထံ ဆက်ကပ်အပ်နှံပြီး တန်ဖိုးရှိသောလူငယ်အဖြစ် အကောင်းဆုံးအသက်ရှင်လျှောက်လှမ်းကြပါစို့ဟု အားပေး လို ပါသည်။