(၈၅) ဘုရားပေးသောကောင်းကြီးမင်္ဂလာ

Share

ယေရမိ ၁၇:၇ထာဝရဘုရားကို ကိုးစားသောသူ ထာဝရဘုရားကို မိမိ ကိုးစားစရာအကြောင်းဖြစ်စေသောသူသည်ကောင်းကြီးမင်္ဂလာကိုခံအပ်သောသူဖြစ်၏

ကောင်းကြီးမင်္ဂလာသည် ဘုရားသခင်ထံမှ လာသောအရာဖြစ်ပါသည်။ လူကြံ စည်၍ မမှီနိုင်သောအရာများကို ဘုရားသခင်သည် တခနအတွင်း ဖြေရှင်းပေး နိုင်ပါသည်။ ဘုရားပေးသောကောင်းကြီးမင်္ဂလာကို ရရှိဖို့ရန် လုပ်ယူဖန်တီးလို့မရနိင်ပါ။ ဘုရားသခင် ပေးသနားတော်မူမှသာ ရရှိမည်ဖြစ်သည်။

ကမ္ဘာ့အချမ်းသာဆုံးသူဌေးများထဲမှတစ်ယောက်အပါအဝင်ဖြစ်သောသန်းကြွယ် သူဌေးကြီး ဘီလ်ဂိတ်အကြောင်းကို ဖော်ပြလိုပါ၏။ဆယ်စုနှစ် (၂၀၀၀-၂၀၁၀)အတွင်း ကမ္ဘာပေါ်တွင် နံပါတ်တစ်အချမ်းသာဆုံးသူဌေးဖြစ်ခဲ့ပါသည်။ မိုက်ခရိုဆော့ဇ် ကော်ပိုရေး ရှင်းကို တည်ထောင်ခဲ့သူ၊ ပိုင်ဆိုင်ခဲ့သူဖြစ်ခဲ့ပါသည်။ ၂၀၀၈ခုနှစ်တွင် မိုက်ခရိုဆော့ဇ် ဥက္ကဌရာထူးမှအနားယူပြီး Bill and Milinda Gates foundation ကိုထူထောင်ခဲ့ပါသည်။ သူ‌ထူထောင်ခဲ့သော Foundationသည် စီးပွားဥစ္စာများကို စုသိမ်းရန်မဟုတ်ပဲ ပေးလှူဖို့ရန် ဖြစ်ပါသည်။ Foundationကြီး ရည်ရွယ်ချက်ကတော့ ဖွံဖြိုးဆဲနိုင်ငံများတွင် ကြုံတွေ့ နေရသော ရောဂါဘယ နှိပ်ဆက်မှုများအား သိပ္ပံပညာကို အသုံးချပြီး ကူညီ ပေးဖို့ရန် ဖြစ်သည်။ အင်မတန်မှ ကြွယ်ဝချမ်းသာသော်လည်း ဩဇာကြီးမားသော ဂရုဏာ ရှင်များအဖြစ် လူအများက လေးစားကြပါသည်။ တစ်ခါက လူတစ်ယောက်က ဘီလ်ဂိတ် ကို “ဘာကြောင့် အဲ့လောက်တောင် အောင်မြင်ရသလဲ”ဟုသောအခါ သူက” ဘုရားပေး လို့ရတာပါ။ဘုရားကျေးဇူးတော်ပါ”ဟုပြန်လည်ဖြေခဲ့ပါသည်။ထို့ကြောင့် ဘုရား‌သခင် သည် သူ့အားကိုးစားသောသူ၊ မာနမထောင်လွှားသော၊ မိမိစည်းစိမ်၌ မဝါကြွားသောသူကို ကောင်းကြီးမင်္ဂလာပေးတော်မူပါသည်။ ‌ကျွန်တော်တို့ ရရှိသောကောင်းကြီးများသည် လည်း ဘုရား‌သခင်ပေးသော ကောင်းကြီးများ ဖြစ်သောကြောင့် တစ်ပါးသူအားလည်း ပြန်လည် ဝေငှသောသူများဖြစ်ကြပါစို့ဟု တိုက်တွန်း လိုပါ သည်။