(၈၄) ခရစ်တော်အုပ်စိုးသောအိမ်ထောင်

Share

ဆာလံကျမ်း ၁၂၇:၁ ထာဝရဘုရားသည် အိမ်ကိုဆောက်တော်မမူလျှင်၊ ဆောက် သော သူတို့သည် အချည်းနှီးလုပ်ဆောင်ကြ၏

ခရစ်ယာန်အိမ်ထောင်၏ဆောင်ပုဒ်မှာ “Home Sweet Home”ဖြစ်ပါသည်။ သို့သော်မပြေလည်မှုများ၊အခက်အခဲများ၊ ပွတ်တိုက်မှုများဖြစ်လာသောအခါ “Home Fight Home”ဖြစ်သွားနိုင်ပါသည်။ ခရစ်တော်အုပ်စိုးသော အိမ်ထောင်မဖြစ်ပါက  အင်မတန်မှ ခက်ခဲမည်ဖြစ်သည်။

တစ်ခါက လင်မယားနှစ်ယောက်သည် စိတ်သဘောထားမတိုက်ဆိုင်၍ ရန်ဖြစ် စကားများကြပါသည်။ ညှိလို့မရသည့်အဆုံး ကွာရှင်းပြတ်စဲမည်ဖြစ်လာသောအခါ အသင်းသား တစ်ယောက်က သင်းအုပ်ဆရာထံကို သွားရောက်ပြီး ဖြေရှင်းပေးရန် အကူအညီတောင်းပါသည်။ ထိုအခါသင်းအုပ်ဆရာသည် စကားများသော လင်မယား အိမ်ရှေ့သို့ ရောက်လာသောအခါ တံခါးခေါက်လိုက်ပါတော့သည်။ နေအိမ်အတွင်း၌ လင် မယား နှစ်ယောက်သည် တံခါးခေါက်သံကိုကြားသော်လည်း မဖွင့်ပေးပဲ ဆက်၍ စကား များ ရန်ဖြစ်ကြပါသည်။ သင်းအုပ်ဆရာသည် ကြိမ်ပေါင်းများစွာ တံခါးခေါက်သောလည်း မဖွင့်ပေးသောကြောင့် နောက်ဆုံးတွင်လက်လျော့ပြီး အိမ်သို့ပြန်လာခဲ့ရပါသည်။ မကြာမှီ ပင် လင်မယားနှစ်ယောက်သည် ကွာရှင်းပြတ်စဲသွားပါတော့သည်။ ကွာရှင်း ပြတ်စဲပြီး နောက် တနေ့သောအခါတွင် အိမ်ထောင်ကွဲသွားသောလူငယ်လေးသည် သင်းအုပ်ဆရာကို လမ်းတွင်တွေ့သောအခါ” ကျွန်တော်တို့ အခက်ခဲဆုံးအချိန်မှာ ဆရာလာပေးရင် ကောင်းမှာပဲ”ဟု ပြောလိုက်ပါသည်။ ထိုအခါ သင်းအုပ်ဆရာက” ငါလာပြီး ညှိနှိုင်းပေးဖို့ လာသားပဲ။မင်းတို့မှတံခါးမဖွင့်ပေးတာကိုး”ဟုပြောလိုက်ပါသည်။ထိုအခါလူငယ်လေးက”အော် ကျွန်တော်တို့ကအကြွေးလာတောင်းတဲ့သူလို့ထင်တာကြောင့် မဖွင့်ပေးမိတာပါ” ဟုနောင်တဖြင့်ပြန်ပြောခဲ့ပါသည်။

ထိုအတူပဲ ခရစ်တော်သည် ကျွန်တော်တို့ အိမ်ထောင်တွင် ရင်ဆိုင်ရသော အခက်ခဲများကို တံခါးခေါက်၍ ကူညီဖြေရှင်းပေးလိုပါသည်။ တံခါးကိုဖွင့်ပေးပါက အိမ်ထောင်၌ ပျော်ရွှင်ငြိမ်သက်ခြင်းရရှိမည်ဖြစ်သည်။ ထို့ကြောင့်ခရစ်တော်အုပ်စိုးသော အိမ်ထောင်များဖြစ်ကြပါစို့။