(၈၃) ကယ်တင်ခြင်းသတင်းကောင်း

Share

၁တိ ၂:၄ လူအပေါင်းတို့သည် ကယ်တင်ခြင်းသို့‌  ရောက်၍ သမ္မာတရားကို သိစေ ခြင်းငှါ၊ ဘုရားသခင်အလိုတော်ရှိ၏

ယုံကြည်သူတိုင်း၏ တာဝန်သည် ကယ်တင်ခြင်းသတင်းကောင်းကို ဝေမျှဖို့ရန် ဖြစ်သည်။ ခရစ်တော်၏ ကယ်တင်ခြင်းသတင်းကောင်းကို မသိသောသူများသည် မြောက် များစွာ ရှိနေပါသည်။ တစုံတယောက်သည် မိမိအားဖြင့် ကယ်တင်ခြင်း သတင်းကောင်း ကိုကြားနာရပြီးအသက်တာပြောင်းလဲပါကဘုရားသခင်ကိုကျေနပ်ဝမ်းမြောက်စေမည်ဖြစ်သည်။

တစ်ခါက ဆရာကြီးဂျွန်ဝက်စလေ(၁၇၀၃-၁၇၉၁)သည် ညနေပိုင်းအိမ်တစ်အိမ် သို့ တရားဟောအပြီး ပြန်အလာတွင် လူဆိုးတစ်ယောက်၏ လုယက်ခြင်းကို ခံရပါ၏။ သူ၌ငွေအနည်းငယ်နှင့် ဝေစာများသာပါပါသည်။ လူဆိုးသည် ရသမျှယူအပြီးအပြန်တွင် ဆရာကြီးက “နေပါဦးမိတ်ဆွေ၊ ဒီဝေစာကိုယူသွားပေးပါ။ တနေ့စိတ်ပျက်ခြင်း နှင့် ကြုံလာတဲ့အခါ ဤဝေစာကို ဖတ်ပါ”ဟု ပြောလိုက်ပါသည်။ လူဆိုးလည်း ဝေစာကိုယူပြီး ထွက်သွားပြီးတာနဲ့ သူသည် ဒူးထောက်၍ထိုလူဆိုးအတွက် ဆုတောင်းပေးခဲ့ပါသည်။ နှစ်ပေါင်းများစွာကြာလာသောအခါတွင် ဥပုဒ်နေ့၌ ဆရာကြီးသည် တရားဟောအပြီး        ထုံးစံအတိုင်း ဗိမာန်တော်ထွက်ပေါက်တွင် အသင်းသားတစ်ဦးပြီး တစ်ဦး နှုတ်ဆက် ပါသည်။ ထိုအချိန်တွင် နောက်ဆုံးသောလူတစ်ယောက်သည် ဆရာကြီးကို နှုတ်ဆက်ပြီး ”ကျွန်တော် အခုလုပ်ငန်းရှင်ဖြစ်နေပါပြီး၊ အရင်တုန်းက ဆရာကြီးဆီက လုယက်ဖူးတဲ့ သူတစ်ယောက်ပါ၊ အသက်တာလည်းပြောင်းလဲသွားပါပြီး”ဟု ပြောလိုက်ပါသည်။ ဆရာကြီးသည် ထိုလူငယ်လေးနဲ့ ခနတာဆုံ‌ခဲ့ရပေမဲ့လည်း ဝေစာအားဖြင့် ကယ်တင်ခြင်း သတင်းကောင်းကို ဝေငှနိုင်ခဲ့ပါသည်။ ထို့ကြောင့် ကျွန်တော်တို့သည်လည်း ကယ်တင်ခြင်း သတင်းကောင်းကို လူတိုင်းသိရှိဖို့ရန်အတွက် ဝေငှဖို့လိုပါသည်။ မည်မျှပင် ဆိုးသွမ်းသော သူဖြစ်လင့်ကစား ကယ်တင်ခြင်းသတင်းကောင်းအားဖြင့် အသက်တာကို ပြောင်းလဲစေ နိုင်ပါသည်။ ကယ်တင်ခြင်းသတင်းကောင်းကို ဆောင်ယူသောသူများဖြစ်ကြပါစို့။