ယာကုပ် ၂: ၂၆ “ဝိညာဉ်နှင့်ကင်းသော ကိုယ်သည်အသေဖြစ်သကဲ့သို့ အကျင့်နှင့် ကင်းသောယုံကြည်ခြင်းသည် အသေဖြစ်၏”
ယုံကြည်ခရစ်ယာန်အသက်တာတွင် ပုံသက်သေကောင်းဖြင့် အသက်ရှင်ဖို့ လိုပါသည်။ ရှင်ယာကုပ်က ယုံကြည်သူတစ်ယောက်အနေဖြင့် ယုံကြည်ခြင်းကို အကျင့် အားဖြင့်ဖော်ပြရန် တိုက်တွန်းထားပါသည်။ ယုံကြည်သူအယောက်စီတိုင်းသည် ကယ်တင်ခြင်းကို သခင်ယေရှူခရစ်တော်အားယုံကြည်ခြင်းဖြင့် ကျေးဇူးတော်အားဖြင့် ရရှိပါသည်။ သိုသော် မှန်ကန်သော ခရစ်ယာန်အသက်တာသို့ တတ်လှမ်းလိုပါက မှန်ကန် သော ဘဝအသက်တာဖြင့် အသက်ရှင်ဖို့လိုပါသည်။ လူတစ်ယောက်၏ ဂုဏ်သိက္ခာသည် သူ၏အသက်ရှင်မှုက အဓိကကြပါသည်။ ယုံကြည်ခြင်းအကြောင်း တဖွဖွပြော သော်ငြား လည်း လက်တွေ့အသက်ရှင်မှုမလိုက်လာပါက ဟောပြောသမျှသည် ထိရောက်မည် မဟုတ်ပေ။
ဆရာကြီး Danny Thymas က “ Everybody thinks of changing humility and nobody thinks of changing himself” ဟုပြောခဲ့ပါသည်။ အဓိပ္ပာယ်ကတော့ လူအတော်များများဟာ သူများပြောင်းလဲဖို့ပဲ စဉ်းစားပြီး မိမိအသက်တာပြောင်းလဲဖို့တော့ မစဉ်းစားကြဘူး ဖြစ်ပါသည်။ ဆရာကြီးပြောသော စကားများသည်မှန်ပါသည်။ စာရေးသူ ကိုယ်တိုင် အမှုတော်မြတ်ထဲတွင်ပုံသက်သေကောင်းဖြင့်အသက်မရှင်သော အချိန်များစွာ ရှိခဲ့ ပါသည်။ ဘုရားသခင်ပေးသောခွန်အားဖြင့်သာ မိမိအသက်တာကို ပြင်ဆင်ရပါ သည်။လူတိုင်းမပြည့်စုံဟုပြောစရာရှိပါသည်။ သို့သော် မပြည့်စုံမှုကို အခွင့်ကောင်းယူပြီး အပြစ်ဒုစရိုက်ကို ထပ်ခါထပ်ခါ လုပ်နေဖို့ရန် ဘုရားသခင်အလိုတော်မရှိပေ။ ဘုရားသခင် သည် ကျွန်ုပ်တို့၏အားသာချက် အားနည်းချက်များကို သိပါသည်။ ဘုရားသခင်၌ မှီခို ကိုးစား ပါက ဘုရားသခင်သည် ကျွန်ုပ်တို့လိုအပ်သောအရာများကို ဖြည့်ဆည်းပေးမည် ဖြစ်သည်။ ပုံသက်သေကောင်းဖြင့် အသက်ရှင်သူသာလျှင် ဘုရားဘုန်းတော် ထင်ရှား စေ သောသူ ဖြစ်ပေမည်။