ဆာလံကျမ်း ၂၃:၄ “ အကယ်၍ သေမင်း၏အရိပ်လွှမ်းမိုးသော ချိုင့် ထဲသို့ လျှောက်သွားရသော်လည်း ဘေးအန္တရာယ်ကို မကြောက်ပါ။ အကြောင်း မူကား ကိုယ်တော်သည်အကျွန်ုနှင့်အတူရှိတော်မူသည်ဖြစ်၍ လှံတံ တော် နှင့် တောင်ဝေး တော်သည် အကျွန်ုပ်ကို ချမ်းသာစေပါ၏”
လူတိုင်းလူတိုင်းသည် တနေ့တွင် ဤလောကကြီးထဲမှ ထွက်သွားရမည်ဖြစ်သည်။ အသက်တစ်ရာမနေရပေမဲ့လည်း အမှုတရာကြုံကြရပါသည်။ မနက်ဖြန်တွင် ဘာဖြစ်မည် ကို မည်သူမျှမသိနိုင်ပါ။အရာအားလုံးသည် ဘုရားသခင်၏ လက်တော်ထဲ၌သာရှိပါ၏။ ကျွန်တော်တို့၏ ဘဝအသက်တာတွင်ဖြစ်စေ ကျွန်တော်တို့၏ ပတ်ဝန်းကျင်၌ဖြစ်စေ အသက် ဘေးမှလွတ်မြောက်သော အဖြစ်အပျက်များကိုကြားဖူးကြမည်ဖြစ်သည်။ သမ္မာ ကျမ်းစာ ထဲတွင်လည်း ယောဘ ရှင်ပေါလု ဒါဝိဒ်တို့သည့်လည်း သေဘေး နှင့်အကြိမ် ကြိမ်ကြုံ တွေ့ခဲ့ရပါသည်။ကျွန်တော်၏ ဘဝအသက်တာထဲတွင်လည်း သေဘေးနှင့်နှစ်ခါကြုံဖူးပါ၏။ ပထမ တစ်ခါက ဓါတ်လိုက်ခံရခြင်းဖြစ်၏။ တစ်ညနေတွင် ကျွန်တော်၏ရွာတွင် အသင်းတော် ကျမ်းစာသင်တန်းလုပ်ပါ၏။ ကျွန်တော်နှင့် ညီငယ်လေးတစ်ယောက်သည် အစား အသောက် များကို တခြားရွာသို့ စက်လှေဖြင့် သွားရောက်ယူကြပါ၏။ အပြန်လမ်းတွင် မိုးရွာသောကြောင့် အိမ်တစ်အိမ်တွင်ခနနားကြပါ၏။ကျမ်းစားသင်တန်းတွင်မီးပေးရန် ဝါယာကြိုးမလောက်သဖြင့် သွပ်ကြိုးအရှည်ကြီးများကို အသုံးပြုခဲ့ရပါ၏။ ကျွန်တော်သည် ခနနားပြီး နောက် အထွက်တွင် သစ်ပင်ပေါ်တွင်ချိတ်ထားသော သွပ်ကြိုးအခွေက ကျွန်တော့်အပေါ် ကျ သဖြင့် သွပ်ကြိုးကို လျှပ်စစ်စီးသဖြင့် ဓါတ်လိုက်ခံခဲ့ရပါ၏။ ကျွန်တော့်တစ်ကိုယ်လုံးထုံကျင်၍ ဘာမျှ မလုပ် နိုင်တော့ပါ။ ကျွန်တော် ဓါတ်လိုက် ခံရသည်ကို အဘွားတစ်ယောက်က တွေ့ရှိပြီး နောက် တုတ်ချောင်းနှင့်သွပ်ကြိုးကို ဖယ်ပေးကာမှ အသက်ဘေးမှ လွတ်မြောက်ခဲ့ရပါ၏။ ဒုတိယ တစ်ခေါက်က ရေနစ်သေ တော့မလို အဖြစ်အပျက်မှ ဘုရားသခင်၏ ကျေးဇူးတော် ကြောင့် လွတ်မြောက်ခဲ့ရပါ၏။ ကျွန်တော်တို့အယောက်စီတိုင်းလည်း မိမိတို့၏ ဘဝ အသက်တာ တွင် သေမင်းအရိပ်ထဲ လျှောက်လှမ်းခဲ့ဖူးကြမည်ဖြစ်သည်။ ယနေ့ကမ္ဘာကြီးကို ကြည့်လိုက်လျှင် အသက်ငယ်သည်ဖြစ်စေကြီးသည်ဖြစ်စေ နေ့တိုင်းဤလောကကြီးထဲမှ ထွက်သွား ကြရပါ သည်။ ကျွန်တော်တို့၏ မနက်ဖြန်များစွာကို ကျွန်တော်တို့မပိုင်ပါ။ အရာခပ်သိမ်းသည် ဘုရားသခင်၏လက်တော်ထဲ၌သာ ရှိပါသည်။ ထို့ကြောင့် အသက်ရှင် ရသည် အချိန်အတိုင်း အတာ တစ်ခုအတွင်းတွင် ဘုရားသခင်၏ အလိုတော်အတိုင်း လျှောက်လှမ်း ကြပါစို့ဟု အားပေးလိုပါသည်။