ဧဖတ်၆:၁”သားသမီးတို့သခင်ဘုရား၏အလိုတော်နှင့်အညီမိဘစကားကိုနား ထောင်ကြလော့။မိဘစကားကိုနားထောင်ခြင်းအမှုသည်တရားသောအမှု ဖြစ် ၏”
မိသားစုတစ်စုတွင် ဖခင်သည် ဒိုင်းလွှားသကဲ့သို့ လုံခြုံစေသောသူဖြစ်ပါသည်။ ဖခင်၏ ကောင်း မြတ်ခြင်း များကိုအဓိပ္ပာယ်ဖွင့်ဆိုမည်ဆိုပါက ပြော၍မကုန်နိုင်ပါ။ အနစ်နာခံသူ၊ ချစ်ပေးသူ လမ်းပြသူ ၊ကွယ်ကာပေးသူ၊ မစသူ ၊ဖေးမသူ၊ ခွန်အားပေးသူ၊ ဆုံးမသူ စသဖြင့် အများကြီးရှိပါ သည်။ မိခင်များနေ့ကို မေလ ဒုတိယ အပတ်တွင် ကျင်းပပြီး ဖခင်များနေ့ကိုတော့ ဇွန်လ တတိယ အပတ် တွင် ကျင်းပကြပါသည်။ အများအားဖြင့် ကျွန်ုပ်တို့သည် ဖခင်များထက် မိခင်များ ကို ပိုမို၍ ခင်တွယ် တတ်ကြပါသည်။ အမိဝမ်းထဲမှ မွေးဖွားလာသည်နှင့် မိခင်၏ နွေးထွေးသော ရင်ခွင်ထဲ၌ အနီးကပ်ဆုံး နေရပါသည်။ ဖခင်များကတော့ မိသားစု၏စားဝတ် နေရေးအတွက် ကြိုးစား ရုန်းကန် ကြရသည်။ ဖခင်များသည် သားသမီးများကို ယုယချိန် နွေးထွေး ချိန်များ နည်းပါးသော်လည်း သား သမီးများကို ချစ်စိတ်အပြည့်ရှိပါသည်။ ဖခင်၏မေတ္တာကို ရှူထောင့်ပေါင်းစုံကကြည့်လျှင် မြင်မည် ဖြစ်သည်။ ဖခင်များသည် သားသမီးများကို အမြင့်ဆုံးသာမြင်ချင် ကြပါသည်။ သမ္မာ ကျမ်းစာ ထဲတွင် လူမျိုးကြီး ၏ ဖခင်သည် “အာဗြံဟံ”ဖြစ်သည်။ သူ၏ ယုံကြည်ခြင်းနှင့်နာခံခြင်းတို့ကြောင့် လူမျိုး အစဉ်အဆက် ကောင်းကြီးမင်္ဂလာခံစားရရှိခဲ့သည်။ မိသားစုတစ်စုတွင် ဘုရားသခင်ကို ကိုးစားသော ဖခင် ဆုတောင်းပေးသောဖခင် သမ္မာတရား လမ်းထဲသွန်သင်ပေးသောဖခင်ဖြစ်ပါက သားသမီး အဆက်ဆက် သည် ကောင်းကြီး မင်္ဂလာ ကိုခံစားရပါသည်။
ထို့ကြောင့် ကျွန်ုပ်တို့ရရှိထားသောဖခင်များသည် ဘုရားသခင်ပေးသော ဆုလက်ဆောင် ဖြစ် သည်။မိခင်များကို ချစ်သလို ဖခင်များကိုချစ်ရမည်ဖြစ်သည်။ မည်သို့သော အကြောင်းကြောင့် ပဲဖြစ်စေ ကျွန်ုပ်တို့ကို ဖြစ်ပွားစေသောဖခင်များကို မပြစ်မှားသင့်ပေ။ ဖခင်များ နေ့ရောက်သည့် အခါတွင် ဖခင်သက်ရှိထင်ရှားရှိနေသောသူများက “အဖေ့ကိုချစ်တယ် ကျေးဇူးတင်တယ် အဖေ”ဟု နှုတ်ဆက်ရမည်ဖြစ်သည်။ ဖခင်မရှိတော့သော သားသမီးများက “ဖခင်၏ ဆုံးမ စကား များကို ပြန်လည်ဆင်ခြင်ပြီး ဖခင်ဖြစ်စေလိုသော လူတော်လူကောင်းများဖြစ်ဖို့ရန်” အကောင်းဆုံး အသက်ရှင် ရမည်ဖြစ်သည်။ ဖခင်များအားလုံးကိုယ်စိတ်နှလုံး ကျန်းမာ ရွှင်လန်း ကြပါစေ။
ဖလားဆဲ