ရောမ ၁၁:၃၆” ခပ်သိမ်းသောအရာတို့သည် ကိုယ်တော်အထဲက၎င်း ကိုယ်တော် အား ဖြင့်၎င်း ကိုယ်တော်အဘို့အလိုငှါ၎င်း ဖြစ်ကြ၏။ ကမ္ဘာအဆက် အဆက် ဘုန်းကြီးစေသတည်း။ အာမင်”
လောက၌ရှိရှိသမျှအရာအားလုံးတို့သည် ဖန်ဆင်းရှင်ဘုရားသခင်၏ ဘုန်းတော် ထင်ရှားစေရန် ဖန်ဆင်းထားခြင်းဖြစ်သည်။ တောရိုင်းသတ္တဝါများ သဘာဝတောတောင် ရေမြေ များသည် ဘုရားသခင်၏ ဘုန်းကျက်သရေတော်ကို ဖော်ကျူးကာ လှပလို့နေပါသည်။ သက်ရှိ သက်မဲ့အရာအားလုံးထဲတွင် လူကို ဘုရားသခင်သည် သူ၏ ပုံသဏ္ဍန်တော်နှင့်အညီ ဖန်ဆင်း၍အမြင့်ဆုံးချီးမြောက်ခဲ့သည်။ သို့သော် ဖန်ဆင်းခံလူသား အာဒံသည် ဘုရား သခင်၏စကားကို နားမထောင်ဘဲ ကောင်းမကောင်း သိကျွမ်းရာအပင်မှ အသီးကို စားသော ကြောင့် လူသည် ဘုရားသခင်နှင့်ဝေးကွာသွားကာ ဘုရားသခင်၏ ဘုန်းတော်နှင့် ကင်းကွာ သွားခဲ့ရပါသည်။ သို့သော် သခင်ယေရှူ၏ အသွေးတော်အားဖြင့် လူသည် ဘုရားသခင်နှင့် တဖန် ပြန်လည် မိသဟာရဖွဲ့ခွင့်ကို ရရှိခဲ့ပါသည်။ ကျေးဇူးတော်ကြောင့် ဘုရားဘုန်းတော် ထင်ရှားစေသော အသက်တာဖြင့် လျှောက်လှမ်းနိုင်ဖို့ရန် သန့်ရှင်းသော ဝိညာဉ်တော်သည် အထူးသဖြင့် အစဉ် အမြဲအနားမှာ ရှိပေးပြီး ထူမလမ်းပြ ပေးပါသည်။ ကမ္ဘာဦးအစ ကတည်းကပင် ဘုရားသခင် သည် လူကို သူ၏ဘုန်းတော် ထင်ရှားစေလိုပါသည်။ ဓမ္မဟောင်း ကျမ်းထဲ တွင် ဘုရားသခင်၏ ဘုန်းတော်ကို ဘုရားသခင်၏ ကြီးမားစွာ အသုံးပြုခြင်းခံရသော သူများကို ကြည့်ခြင်းအားဖြင့် သိနိုင်မည်ဖြစ်သည်။ အချို့သောရှင်ဘုရင်များသည် မိမိအလိုအတိုင်းအသက်ရှင်ပြီး အင်မတန်မှ ဆိုးသွမ်းသောကြောင့် ဘုရားသခင်သည် သူတို့ကိုစီရင်ခဲ့ရပါသည်။ သို့သော် အလို တော်အတိုင်းလိုက်လျှောက်သော လူပုဂ္ဂိုလ်များသည် ဘုရားဘုန်းတော် ထင်ရှားစေခဲ့ ကြပါ သည်။
ထို့ကြောင့် ကျွန်ုပ်တို့ ယုံကြည်သူသားသမီးတိုင်၏ ပန်းတိုင်သည် ဘုရားဘုန်းတော် ထင်ရှားစေရန် အသက်ရှင်ဖို့ဖြစ်သည်။ ကျွန်ုပ်တို့၏ အသက်ရှင်မှုများသည် သူတစ်ပါးအတွက် အဆိပ်အတောက် မဖြစ်စေဖို့ရန် သတိထားရမည်ဖြစ်သည်။ စားသော်၎င်း သောက်သော်၎င်း မည်သည့်အမှုကို ပြုသော်၎င်း ဘုရားသခင်၏ ဘုန်းတော်ထင်ရှားစေဖို့အသက်ရှင် လျှောက် လှမ်း ကြပါစို့။