(၇၄) ယုံကြည်စွာဖြင့်အပ်နှံပါ

Share

၁ပေ ၅:၇ သင်တို့ကို သတိနှင့်ကြည်ရှူတော်မူသောကြောင့် သင်တို့၍ စိုးရိမ်ခြင်း အမှုရှိသမျှတို့ကို ကိုယ်တော်၌ အပ်ကြလော့

ကျွန်ုပ်တို့၏ ဘဝအသက်တာတွင် စိုးရိမ်ခြင်းအမှုများသည် ဖိတ်ခေါ်သည်ဖြစ်စေ မဖိတ်ခေါ်သည်ဖြစ်စေနေ့ရက်စဉ်တိုင်းရောက်ရှိလို့လာမည်ဖြစ်သည်။လူသားတစ်ယောက် အနေဖြင့် စိုးရိမ်ခြင်းနှင့် ကင်းလွတ်၍ နေလို့ရမည်မဟုတ်ပေ။ သို့သော် ထိုစိုးရိမ်ခြင်းများ အား ကျော်ဖြတ်နိုင်ဖို့ရန် ဖေးမမည့်သူတစ်ယောက်၏ အကူအညီလိုပါသည်။ ၁ပေ ၅:၇ အရ ဖော်ပြထားသည်မှာ စိုးရိမ်ခြင်းအမှုရှိသမျှကို ကိုယ်တော်၌အပ်ထားလော့ဟု ပြော ထားပါသည်။ယုံကြည်သူခရစ်ယာန်တိုင်းအတွက် အစဉ်အမြဲဖေးမမည့်သူမှာသခင် ယေရှူ ခရစ်တော်သာ ဖြစ်သည်။ ဥပမာအနေဖြင့် ကျွန်ုပ်တို့ ပိုင်ဆိုင်ထားသော ပစ္စည်း ဥစ္စာ များကို ကျွန်ုပ်တို့ယုံကြည်ရသော သူကိုသာအပ်ထားကြမည်ဖြစ်သည်။ ထိုသို့ အပ်နှံပြီး နောက်ကျွန်ုပ်တို့၏စိတ်ထဲ၌ကိန်းအောင်းနေသောစိုးရိမ်စိတ်များသည်အထိုက် အလျှောက် ချုပ်ငြိမ်းသွားမည်ဖြစ်သည်။ထိုအတူပဲ ကျွန်ုပ်တို့၏ ဘဝတစ်ခုလုံးကို ဘုရားသခင်၏ လက်ထဲအပ်နှံဖို့ဖြစ်သည်။ ဘုရားသခင်၏ လက်တော်ထဲ၌ရှိသာ ကျွန်ုပ်တို့၏ ဘဝသည် လုံခြုံစိတ်ချမှုရှိမည်ဖြစ်သည်။သမ္မာကျမ်းထဲ၌ ယောရှူသည် ယေရိခေါမြို့ကို သိမ်းပိုက် နိုင်ဖို့ရန်အစီအစဥ်များကိုဘုရားသခင်၏လက်ထဲအလုံးစုံအပ်နှံပြီးနာခံခြင်းဖြင့် လုပ်ဆောင် ခဲ့ပါသည်။ ထိုသို့အပ်နှံခြင်းကြောင့် အောင်မြင်ခြင်းကို ရရှိခဲ့ပါသည်။

ထို့ကြောင့် ကျွန်ုပ်တို့၏ ဘဝအသက်တာတွင် ဝင်ရောက်လာသော  စိုးရိမ်ခြင်း အမှုမှန်သမျှကို ဘုရားသခင်၏လက်ထဲသို့ အလုံးစုံ အပ်နှံရမည်။ အဘယ်ကြောင့် ဆိုသော် ကျွန်ုပ်တို့သည် ဘုရားသခင်၏ သားသမီးများဖြစ်သော်ကြောင့် ဘုရားသခင်သည် အစဉ် အမြဲ ကျွန်ုပ်တို့ကို သတိနှင့်ကြည့်ရှူ စောင့်ရှောက်နေမည်ဖြစ်သောကြောင့် ဖြစ် သည်။ ထိုဂတိတော်ကိုယုံကြည်ပြီး ဘုရားသခင်လက်တော်ထဲ စိုးရိမ်ခြင်းအမှုရှိသမျှကို အပ်နှံ ကြ ပါစို့။