ရောမ၁၂:၁၂”မြော်လင့်လျက်ဝမ်းမြောက်ကြလော့။ဒုက္ခရောက်သောအခါ သည်းခံ ကြလော့။ ဆုတောင်း ပဌနာပြုခြင်းအမှုကို အမြဲပြုကြလော့”
ယနေ့တွင် ကမ္ဘာကြီးကို ကြည့်လိုက်မည်ဆိုလျှင် မိမိကိုယ်ကို သက်သေမှုများ သည် တရိပ်ရိပ်တိုးလို့လာနေပါသည်။ ဘဝ၏ အခက်ခဲဆုံးအချိန်များတွင် မျှော်လင့်ခြင်း သည် လိုအပ်ပါသည်။ မျှော်လင့်ခြင်းမရှိသော ဘဝအသက်တာသည် ရည်ရွယ်ချက်လည်း ပျောက်လို့နေမည်ဖြစ်သည်။သို့သော်ကျွန်ုပ်တို့ယုံကြည်သူအယောက်စီတိုင်းသည် ဘုရား သခင်ပေးသော မျှော်လင့်ခြင်းရှိပါသည်။ ဘုရားသခင်ပေးသော မျှော်လင့်ခြင်း ကြောင့်သာ ဘဝသည် အဓိပ္ပာယ်ရှိလာ၍ အခက်ခဲများကို ရင်ဆိုင်နိုင်မည်ဖြစ်သည်။
ဆရာကြီးယုဒသန်သည် မြန်မာနိုင်ငံသို့ လာရောက်၍ အမှုတော်ဆောင်ရာတွင် မြန်မာနိုင်ငံ၏ လူနေမှုစနစ်အတိုင်း အစားအသောက် အဝတ်အစား ဘာသားစကားတို့ကို ပြောင်းလဲ၍ နေထိုင်ခဲ့ပါသည်။ ဆရာကြီးယုဒသန်သည် အခက်ခဲများစွာ နှင့်ရင်ဆိုင်ခဲ့ ရပါသည်။ မြန်မာနိုင်ငံသို့ စတင်ရောက်ရှိသည် ၁၈၁၃ စ၍၁၈၁၉ ဇွန်လတွင် “ဦးနော” ဟုခေါ်သော မြန်မာလူမျိုးတသ်ယောက်သည် ပထမဆုံးခရစ်ယာန်ဘာသာဝင်အဖြစ် ဗတ္တံဇံ မဂ်လာကို ခံယူခဲ့ပါသည်။ ခြောက်နှစ်ကြာမှ အသီးအပွင့်ကို တွေ့မြင်ရပါသည်။ ခြောက်နှစ်ကာလအတောအတွင်းတွင် ဧဝံဂေလိတရားကြောင့် လူအများ၏ကဲ့ရဲ့ခြင်း အပြစ်တင်ခြင်း ပစ်ပယ်ခြင်းများကို ခံခဲ့ရပါသည်။ သို့သော် အားမလျော့စိတ်မပျက်ဘဲ ဘုရားသခင်ထံ မျှော်လင့်ခြင်းအားဖြင့် လျှောက်လှမ်းသည့်အခါတွင် ဘုရားသခင်သည် သူ့ကိုခွန်အားဖြင့် ပြည့်စေ ခဲ့ပါသည်။
ထို့ကြောင့် ကျွန်ုပ်တို့သည် ဘုရားသခင်ထံမျှော်လင့်ခြင်းအားဖြင့် ကြုံဆုံလာသမျှ အခက်အခဲ ဒုက္ခမှန်သမျှကို ရင်ဆိုင်ကျော်ဖြတ်ရမည်ဖြစ်သည်။ ထိုမျှော်လင့်ခြင်း အားဖြင့် သာလျှင် အောင်မြင်ခြင်းပန်းတိုင်သို့ အရောက်လှမ်းနိုင်မည်ဖြစ်သည်။