၁ကော ၁၀:၁၃” လူ၌ ဖြစ်တတ်သောစုံစမ်းနှောင်ယှက်ခြင်းကို သာသင်တို့သည် ခံရကြ၏။ ဘုရားသခင်သည် သစွာနှင်ပြည့်စုံတော်မူသည်ဖြစ်၍ သင်တို့ မခံနိုင် သော စုံစမ်းနှောင်ယှက်ခြင်းကို သင်တို့၌ရောက်စိမ့်သောငှာ အခွင့်ပေး တော်မမူ။ သင်တို့သည် ခံနိုင်မည်အကြောင်း စုံစမ်းနှောင့်ယှက်ခြင်းအရာနှင့်တကွ ထွက် မြောက်ရာ လမ်းကိုလည်း စီရင်ပြုပြင်တော်မူလိမ့်မည်”
ကျွန်ုပ်တို့အယောက်စီတိုင်းသည် အသွေးအသားနှင့်ဖွဲ့စည်းထားသော လူသားများ ဖြစ်သောကြောင့် ဇာတိပကတိ၏လုပ်ဆောင်မှုများသည် ကျွန်ုပ်တို့ အတွင်း၌ရှိနေပါသည်။ ထိုအတူပဲ မတူညီသော စုံစမ်းခြင်းများသည်လည်း ကျွန်ုပ်တို့ကို မှားယွင်းခြင်းလမ်းများသို့ သွေးဆောင်လို့နေပါသည်။သမ္မာကျမ်းစာထဲဘုရားသခင်ကြီးမားစွာအသုံးပြုခဲ့သော ပုဂ္ဂိုလ်များ ဖြစ်သော (ဒါဝိဒ် ယောဘ ယောသပ် ဒံယေလ)တို့သည်လည်းများစွာသော စမ်းသပ် ခြင်းများ ကြုံတွေ့ခဲ့ရပါသည်။အချို့လည်းအောင်မြင်ကြသလို အချို့လည်း ကျရှုံးခဲ့ကြ ပါသည်။
လူတိုင်းတွင် လွန်ဆန်၍ရသော စုံစမ်းခြင်းနှင့် လွန်ဆန်၍ မရသော စုံစမ်းခြင်းများ ရှိကြပါသည်။ ဥပမာ အချို့က ဆေးလိပ်၊ အရက်၊ ကွမ်းယာ၊ အပျော်အပါး စသဖြင့် အမျိုးမျိုး ရှိပါသည်။ ကျွန်ုပ်တို့ခွန်အားဖြင့် မဖြတ်ကျော်နိုင်သော စုံစမ်းခြင်းများကို ဘုရားပေးသော ခွန်အားဖြင့်သာ ဖြတ်ကျော်ရမည်ဖြစ်သည်။ လူမတတ်နိုင်သောအမှုကို ဘုရားသခင် တတ်နိုင် သည်ကို ယုံကြည်ရမည်ဖြစ်သည်။ စစ်လက်နက်သင်ခန်းစာများကို နားထောင်ရုံဖြင့် စစ်ပွဲများ ကို အနိုင်ရမည်မဟုတ်ပေ။ ရန်သူနှင့် ရင်ဆိုင်တိုက်ခိုက်မှသာလျှင် အောင်မြင်ခြင်းကို ရရှိ မည်ဖြစ်သည်။ ကျွန်ုပ်တို့၏ ပတ်ဝန်းကျင်တွင်လည်း အလွန်ဆိုးသွမ်းသောသူများ မူးယစ်ဆေး စွဲများသည် ဘုရားသခင်၏ တစ်ခိုးတော်အားဖြင့် လွတ်မြောက်ခြင်းကို ရရှိသွားကြသည်ကို တွေ့မြင်ကြားဖူးကြမည်ဖြစ်သည်။ ဘုရားသခင်၏ တန်ခိုးတော်သည် ကြုံဆုံရသမျှ စာတန်၏ ချည်နှောင်ခြင်းများကိုချိုးဖြတ်ပေးမည်ဖြစ်သည်။ ကျွန်ုပ်တို့အ ယောက်စီတိုင်းကို စုံစမ်းခြင်းထဲ မျောပါသွားရန် ဘုရားသခင်အလိုတော်မရှိပါ။ ထို့ကြောင့် ကြုံဆုံသမျှ ချည်နှောင်ခြင်း စုံစမ်း ခြင်းများကို နှုတ်ကပတ်တော်တည်းဟူသောဓါး ဆုတောင်းခြင်းဟူသော ဘုရားသခင်နှင့် မိသဟာရဖွဲ့ခြင်းအားဖြင့် ကျော်ဖြတ်ရမည်ဖြစ်သည်။