ဟေရှာယ ၄၁:၁၀” မစိုးရိမ်နှင့် ငါသည် သင့်ဘက်မှာရှိ၏။ မကြောက်နှင့် သင်၏ဘုရားသခင်ငါသည်သင့်ကိုခိုင်ခံ့စေမည်။သင့်ကို စောင်မမည်။ ငါ့သစ္စာ လက်ျာလက်ဖြင့် ထောက်ပင့်မည်”
ခေတ်မှီဖွံဖြိုးတိုးတတ်သော တိုင်းပြည်များကိုကြည့်မည်ဆိုလျှင် စည်းစိမ်ဥစွာ ပညာအစစ အရာရာ ပြည့်စုံသော်ငြားလည်း ထိုတိုးတတ်သော တိုင်းပြည်များတွင် မိမိကိုယ်ကို သက်သေမှုနှုန်းများ တရိပ်ရိပ်တတ်လာသည်ကို တွေ့ရမည်ဖြစ်သည်။ လူ့အမြင်အားဖြင့် တိုးတက် ဖွံဖြိုးသော်ငြားလည်း စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများကို မတွန်းလှန်နိုင် သောအခါ တွင်ထွက်ပေါက်အနေဖြင့် မှားယွင်းသောလမ်းသို့ ရွေးချယ်သွားကြပါသည်။ သုတေသီ များက လူတစ်ယောက် စိတ်ဓါတ်ကျခြင်း၏ အဆုံးစွန်ဆုံး ထွက်ပေါက်အဖြစ် မိမိကိုယ်ကိုယ်သက်သေခြင်းနည်းလမ်းကို သုံးကာအဆုံးသတ်သည်ဟု ပြောထားကြ ပါသည်။ သို့သော် အချို့သောသူများသည် ဘဝ၏အဆိုးဝါးဆုံးအခိုက်အတန့်မျိုးတွင် မိမိ ဘဝကို အရှုံးမပေးပဲ အကောင်းဆုံးလျှောက်လှမ်းသောသူများလည်းရှိပါသည်။ ကျွန်ုပ်တို့ ယုံကြည်သူခရစ်ယာန် အယောက်စီတိုင်း၏ ဘဝအသက်တာတွင်လည်း တစ်ခါတစ်ရံ ဘဝတွင် လုပ်တိုင်းမဖြစ်သည့်အခြေအနေမျိုး ဘဝကိုရင်မဆိုင်ရဲတော့သည့် အချိန်မျိုး ကြုံတွေ့ဖူးကြမည်ဖြစ်သည်။ထိုသို့သော အခြေအနေမျိုးတွင် ဘုရားသခင်၏ မစမှုမပါဘဲ ကျော်ဖြတ်နိုင်မည်မဟုတ်ပေ။ဘုရားသခင်ပေးသော ခွန်အားဖြင့် ဘဝတိုက်ပွဲကို ရင်ဆိုင် အနိုင် ယူရမည်ဖြစ်သည်။ ဓမ္မဟောင်းကျမ်းထဲ၌ ဘုရားသခင် ကြီးမားစွာ အသုံးပြု သော ပရောဖတ်ဧလိယ၏ ဘဝအသက်တာတွင်လည်း သေချင်လောက်အောင် စိတ်ဓါတ်ကျ ခြင်းကြုံခဲ့ရသောသော်လည်း ဘုရားပေးသော ခွန်အားဖြင့် ကြီးသောအမှုကို လုပ်ဆောင် နိုင်ခဲ့ပါသည်။
ထိုအတူပဲ ကျွန်ုပ်တို့၏ ဘဝအသက်တာတွင် ဘဝကို လက်မြောက်အရှုံးပေးဖို့ရန် ဘုရားသခင်အလိုတော်မရှိပေ။ အခက်ခဲအတားအဆီးများကို ဘုရားသခင်ထံခွန်အား တောင်းခံခြင်းအားဖြင့်ဘဝတိုက်ပွဲများကို ရင်ဆိုင်ယှဉ်ပြိုင်အနိုင်ယူရမည်ဖြစ်သည်။