သုတ္တံကျမ်း ၁၆:၃၂” စိတ်ရှည်သောသူသည် ခွန်အားကြီးသောသူထက်၎င်း မိမိ စိတ်ကိုချုပ်တီးသောသူသည် မြို့ကိုတိုက်ယူသောသူထက်၎င်း သာ၍ ကောင်း ၏’
ကမ္ဘာအမွန်မြတ် ဆုံးမင်္ဂလာတရားတော်ထဲတွင် စိတ်ရှည်ခြင်း မင်္ဂလာ သည် တစ်ခု အပါအဝင်ဖြစ်သည်။ လောက၏ဘဝခရီးကို လျှောက်လှမ်းကြသည့် အခါတွင် မိမိ၏ အထက် လူကြီး လက်အောက်ငယ်သား မိသားစုဝင် အပေါင်းအသင်းများကို တစ်ခါတစ်ရံတွင် သည်းခံသော အပိုင်းများရှိလာပါသည်။ ယနေ့ မြင်တွေ့နေရသော လူသတ်မှုများ ရာဇဝတ်မှု များသည် သည်းမခံနိုင်တော့သည့် အဆုံး တုန့်ပြန်ကြသည့်အခါ ဆိုးရွားသော အကျိုးဆက် များကြုံတွေ့ကြရပါသည်။
တောလည်ရာကျမ်း ၂၀:၁-၁၃တွင် က္ကသရေလလူမျိုးများသည်သောက်ဖို့ရေ မရှိ တော့သည့်အခြေအနေတွင် မောရှေနှင့်အာရုံကို အပြစ်တင်ခဲ့ကြပါသည်။ ထိုအခါ ထာဝရ ဘုရားက မောရှေကို “သင့်ရဲ့အကို အာရုံပါလျက် ပရိတ်သတ်တွေကို စုဝေးစေပါ။သူတို့ရှေ့မှာ ကျောက်ကို မှာထားလော့။ အမိန့်ပေးပြီးတာနဲ့ ကျောက်ကိုရေတွက်စေပြီး ပရိတ်သတ်နှင့် သောက်ဖို့ရေကို ပေးလော့”ဟု မိန့်တော်မူခဲ့ပါသည်။ သို့သော် မောရှေသည် က္ကသရေလ လူမျိုးများကို လွန်စွာဒေါသထွက်သော အချိန်ဖြစ်သောကြောင့် ထာဝရဘုရား မှာထားသလို ကျောက်ကိုအမိန့်ပေးရမည့်အစား လက်ကိုဆန့်ပြီးတော့ ကျောက်ကို လှံတံနှင့် နှစ်ချက်ရိုက်ပြီး ရေထွက်စေခဲ့ပါသည်။ အဲ့ဒီအချိန်တွင် ထာဝရဘုရားက မောရှေကို” သင်သည် ငါ့ကို မယုံကြည် က္ကသရေလလူမျိုးတို့ရှေ့မှာ ငါ့ကို မရိုမသေပြုသောကြောင့် ဤပရိတ်သတ်တို့အား ငါပေးသော ပြည်သို့ သင်တို့သည် ပို့ဆောင်ရသောအခွင့်ကို မရကြ”ဟု မိန့်တော်မူခဲ့ပါသည်။ တရားဟောရာ ကျမ်း ၃၂:၄၈-၅၂ တွင် ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း မောရှေသည် ယေရိခေါမြို့ တစ်ဘက် မောဘပြည် အာမရိဗ်တောင်ရိုး နေဗောတောင်ထိပ်ကနေပဲ ဂတိတော်ထားရာပြည်ကိုကြည့်ခွင့်ပဲရခဲ့ပါသည်။ဤဖြစ်စဉ်အားလုံး၏အချုပ်သည်မောရှေ သည် စိတ်ရှည်ခြင်း မင်္ဂလာကို ထားရှိရန် ထိန်းချုပ်ရန် ပျက်ကွက်ခဲ့သောကြောင့်ဖြစ်သည်။
ထို့ကြောင့် ကျွန်ုပ်တို့အယောက်စီတိုင်းသည် နေ့ရက်စဉ်တိုင်း စိတ်ရှည်မင်္ဂလာကို ယူတင်ဝတ်ဆောင်ရမည်ဖြစ်သည်။ ကျမ်းစာလာသည့်အတိုင်း သုတ္တံဆရာက စိတ်ရှည်သော မြို့ရိုးကို တိုက်ယူသောသူထက် သာ၍ကောင်းသည်ဟု ချီးမွမ်းထားပါသည်။ စိတ်ရှည်ခြင်း မင်္ဂလာ ထားရှိခြင်းအားဖြင့် ဘုရားဘုန်းတော်ထင်ရှားစေကြစို့။