လုကာ ၁၅:၇” ထိုနည်းတူ ဖြောင့်မတ်၍ နောင်တရစရာအကြောင်းမရှိသောသူ ကိုးဆယ်ကိုးယောက်တို့၌ ဝမ်းမြောက်ခြင်းရှိသည်ထက် နောင်တရသော လူဆိုး တစ်ယောက်၌ သာ၍ဝမ်းမြောက်ခြင်းရှိကြသည်ဟု ငါဆို၏”
ပညာရှိများက နောင်တ၏ အဓိပ္ပာယ်ကို ပြုသင့်သည်ကိုမပြု မပြုသင့် သည်ကို ပြုမိသည့်အတွက်ရရှိလာသော အကျိုးဆက်ကို နောင်တဟု ဆိုကြပါသည်။ နောင်တ သည် အမြဲတမ်း အတိတ်မှရှုံးနိမ့်မှုများ ပျက်ကွက်မှုများကို ညွန်ပြနေသော အရာတစ်ခု ဖြစ်သည်။ အချို့ကလည်း အမှားများအထပ်ထပ်ကျူးလွန်ရင်း အပြစ်နွံထဲနစ်မြုပ်ကာ နောင်တ လည်းမရ နိုင်ကြတော့ပေ။ အင်မတန်မှ ကျော်ကြားသောစစ်သူကြီးနပိုလီယံသည် သူ့ဘဝ၏ နောက်ဆုံး အချိန်ကို နောင်တများဖြင့် ဖြတ်သန်းခဲ့ရပါသည်။ သူသည်စစ်သူရဲမက် သိန်းသန်း ပေါင်းများစွာ ကို ဦးဆောင်အမိန့်ပေးပြီး တိုက်ကြီး သုံးတိုက်ကို သိမ်းပိုက်နိုင်ခဲ့ပါသည်။ သို့သော် သူဘဝ၏နောက်ဆုံးအချိန်တွင် ခြေကုပ်ချဖို့ တစ်နေရာစာတောင် မရှိတော့ဟု ညည်းတွား ခဲ့ပါသည်။ သူသည် လောကတွင်တိုက်ပွဲအများကြီး အောင်နိုင်ခဲ့သော်ငြားလည်း မှန်ကန်သော အရာ တန်ဖိုးထားအပ်သောအရာများကို မလုပ်ဆောင်ခဲ့သောကြောင့် အချိန်လွန်နောင်တသာ ရခဲ့ပါသည်။ သို့သော် ရှင်လုကာခရစ်ဝင် ၁၅:၁၁-၂၄ တွင် ပျောက်သောသား၏ အချိန်မှီ နောင်တ ကို တွေ့ရမည်ဖြစ်သည်။ သူသည် အဘထံမှ အမွေဥစွာများရရှိပြီးနောက်တွင် အဘနှင့် ဝေးကွာသော တိုင်းပြည်တွင် သောက်စားမူးယစ်ပျော်ပါးကာ ပါလာသမျှ ငွေများ ကုန်သွား ပါတော့သည်။ သူသည် အလွန်ဆင်းရဲခြင်းသို့ ရောက်သည့်အတွက် ပြည်သား တစ်ယောက် ထံအစေခံ၍ ဝက်ကျောင်းရပါသည်။ အင်မတန်မှ ဆာလောင်၍ ဝက်စာကို စားချင်မတတ်ဖြစ်သောအခါ ဖခင်ကို သတိရအောက်မေ့ကာ အိမ်သို့ပြန်ကာ ဖခင်အား ဝန်ချတောင်းပန်ပြီး ဖခင်ထံသူငှားအဖြစ်ပြန်လုပ်ရန် ပြန်လာခဲ့ပါသည်။ ပျောက်သောသားသည် စစ်မှန်သောနောင်တဖခင်ဖြင့်ပြန်လာသောကြောင့်ထံအချိန်မှီနောင်တဖြစ်ခဲ့ပါသည်။ထို့ကြောင့် ကျွန်ုပ် တို့၏ဘဝ အသက်တာတွင်လည်း နောင်တရခဲ့ဖူးသောအချိန်များ ဖြတ်သန်းဖူး ကြမည် ဖြစ်သည်။ နောင်တဟုဆိုရာတွင် အချိန်မှီနောင်တဖြစ်ပါက ပြန်လည်ပြုပြင်ဖို့ အချိန်ရှိပါသည်။ သို့သော်အချိန်လွန်နောင်တဖြစ်ပါက ဘာမှလုပ်လို့ရတော့မည်မဟုတ်ပေ။