၂ကော ၁၂:၉(က) “ ငါ့ကျေးဇူးသည် သင့်အဖို့လောက်ပေ၏။ ငါ့တန်ခိုးသည် အားနည်းခြင်းအဖြစ်၌ စုံလင်တတ်သည်”
အားနည်းသောသူများကို ဘုရားသခင်သည် အသုံးပြုပါသည်။ ကျွန်ုပ်တို့ အယောက်စီတိုင်းသည် အသွေးအသားဖြင့် ဖွဲ့စည်းထားသောသူများဖြစ်သောကြောင့် အားနည်းချက်ကိုယ်စီရှိကြပါသည်။ ရုပ်ပိုင်းဆိုင်ရာ၊စိတ်ပိုင်းဆိုင်ရာ၊ အသိဥာဏ်ပိုင်း ဆိုင် ရာ၊ ဝိညာဉ်ရေးရား အနာအဆာများမပြည့်စုံမှုများတပွေ့တပိုက်ရှိကြပါသည်။ ဘုရား သခင်သည်ကျွန်ုပ်တို့၏ အားနည်းချက်များကို သိပါသည်။ လူ့အမြင်တွင် ဘယ်လောက်ပင် ဆိုးသွမ်းသောသူ၊ အားနည်းသောသူဖြစ်စေကာမူ၊ ဘုရားသခင်သည်တမုဟုတ်ချင်း ပြောင်းလဲစေ၍ သူ့၏ဘုန်းတော်အတွက် အသုံးပြုသည်ကို တွေ့ရမည်ဖြစ်သည်။ ဘုရားသခင်၏ ကြီးမားစွာအသုံးပြုခြင်းခံရသော ရှင်ပေါလု၊ဒါဝိဒ်၊ ဂိဒေါင်တို့သည်လည်း အားနည်းချက်ကိုယ်စီရှိကြပါသည်။ သို့သော်ထိုသူများသည် မိမိ၏အားနည်းချက်များ၌ ဘဝကိုမနစ်မွန်းစေဘဲ ဘုရားပေးသောခွန်အားဖြင့် အခက်အခဲအတားအဆီးများကို ကျော်ဖြတ်ပြီး ဘုရားဘုန်းတော်ထင်ရှားစေခဲ့ပါသည်။
ထို့ကြောင့် ကျွန်ုပ်တို့၏ ဘဝတွင် ဘုရားသခင်သည် မိမိကို ဘယ်တော့မှ အသုံး ပြုမှာမဟုတ်ဘူးဟု အတွေးမျိုးကို ဖယ်ရှားရမည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော ဘုရားသခင်၏ကြီးမားစွာအသုံးပြုခြင်း ခံရသောသူများသည် အားနည်းသောသူများ ဖြစ်သော ကြောင့်ဖြစ်သည်။ ဘုရားသခင်နှင့်အတူသွားလာပြီး၊ သူ၏အလိုတော်အတိုင်း လိုက်လျှောက်သောသူတိုင်းအတွက်ဘုရားသခင်၏အသုံးပြုခြင်းကို ခံရမည်ဖြစ်သည်။