(၅၈) ထိရောက်သောအစာရှောင်ခြင်း

Share

ဟေရှယ ၅၈:၆ ငါနှစ်သက်သောအစာရှောင်ခြင်းဟူမူကား မတရားသော အချည် အနှောင်ကို ချွတ်ခြင်း၊လေးသောဝန်ကို ချခြင်း၊ ညှင်းဆဲခံရသောသူတို့ကို လွှတ်ခြင်း၊ ထမ်းဘိုးရှိသမျှကို ချိုးခြင်းမဟုတ်လော

အောင်မြင်သောခရစ်ယာန်အသက်တာ၏ အဓိကသော့ချက်မှာ အစာရှောင် ဆုတောင်းခြင်း ဖြစ်ပါသည်။ က္ကသရေလလူမျိုးများနှင့် အသင်းတော်များအကြောင်းကို လေ့လာရာတွင်လည်း အစာရှောင်ခြင်းသည် ဘုရားသခင်၏လူများအတွက် ပုံမှန်ပြုလုပ် ရသောအမှုဖြစ်ကြောင်းတွေ့ရပါသည်။ သမ္မာကျမ်းစာထဲ၌ မောရှေ၊ဒါဝိဒ်၊ ဧလိယနှင့် ဣသရေလ ရှင်ဘုရင်များသည် အစာရှောင်ခြင်းအမှုတွင် ဦးဆောင်ပြီး လုပ်ဆောင်ခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။အစာရှောင်ခြင်းကို ဓမ္မဟောင်းကျမ်း၌တွေ့ရမည်ဖြစ်သလို ဓမ္မသစ်ကျမ်း ထဲတွင် လည်းတွေ့ရမည်ဖြစ်သည်။ ဓမ္မဟောင်းကျမ်းထဲ၌ နိနဝေမင်းကြီးနှင့် မြို့သူ မြို့သား များ၏ အစာရှောင်ဆုတောင်းခြင်းကို ဖော်ပြလိုပါသည်။ ယောန ၃:၁-၄တွင်” ယောနသည် မြို့ထဲသို့ ဝင်၍ တစ်နေ့ခရီးသွားလျက်၊ အရက်လေးဆယ်လွန်သော် နိနဝေမြို့သည် ပျက်စီး ခြင်းသို့ ရောက်လိမ့်မည် ဟု ကြွေးကြော်လေ၏”ထိုအချိန်တွင် နိနဝေမြို့သားများသည် ဘုရား သခင်၏ အမိန့်တော်ကိုယုံပြီး လူကြီးလူငယ်အပေါင်းတို့သည် အစာရှောင်ရသော အချိန် ကိုကြော်ငြာပြီးလျော်တေအဝတ်ကို ဝတ်ဆင်ကြပါသည်။ အဲ့ဒီသတင်းကို နိနဝေမင်းကြီးလည်း ကြားတဲ့အခါမှာ နန်းတော်မှဆင်းပြီး မင်းမြောက်တန်ဆာကို ချွတ်ကာ အစာရှောင်ခြင်းအမှုကို လုပ်ဆောင်ခဲ့ပါသည်။ ဤအချင်းအရာကို ကြည့်ခြင်းအားဖြင့် နိနဝေမြို့သားများသည် အစာ ရှောင်ခြင်းအားဖြင့် ဘုရားသခင်ထံ‌ နောင်တနှင့် ပြန်လည်တိုးဝင်ချဉ်းကပ်လာသောကြောင့် လွတ်ငြိမ်းချမ်းသာခွင့်ရရှိခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။ ဓမ္မသစ်ကျမ်းထဲ၌ တမန်တော်ဝတ္ထု ၁၃:၂-၃တွင် ကနဦးအသင်းတော်များ၏ အစာရှောင်ခြင်းအကြောင်းကိုတွေ့ရမည်ဖြစ်သည်။ ကနဦးအသင်းတော်များသည် တမန်တော်များကို သာသနာပြုမည့်နေရာများသို့ စေလွှတ်ရာ တွင် အစာရှောင်၍ ဆုတောင်းပဌနာ ပြုပြီးမှသာ စေလွှတ်ပါသည်။ ထိုသို့ အစာရှောင် ဆက်ကပ်ဆုတောင်းခြင်းများကြောင့် ရှင်ပေါလုနှင်ဗာနဗ၏ သာသနာပြုခရီးစဉ်သည် အောင်မြင်ခြင်းကို ရရှိခဲ့ပါသည်။ထို့ကြောင့်ကျွန်ုပ်တို့၏ ဘဝအသက်တာတွင် မကျော်ဖြတ် နိုင် သော အခက်အခဲ၊ ပြသနာ၊ ဒုက္ခကျောက်ဆောင်များကို အစာရှောင်ဆုတောင်းခြင်းအားဖြင့် ကျော်ဖြတ်ကြပါစို့။