ယောဟန်၁၁:၂၅”ယေရှုကလည်း၊ငါသည်ထမြောက်ခြင်းအကြောင်း၊ အသက်ရှင် ခြင်း အကြောင်းဖြစ်၏။ ငါ့ကို ယုံကြည်သောသူသည် သေလွန်သော်လည်း ရှင်လိမ့်မည်”
ယနေ့ကမ္ဘာကြီးတွင် လူပေါင်းမြောက်များစွာသည် မတူညီသောနေရာ အသီး အသီးတွင်အကြောင်းအမျိုးမျိုးကြောင့် သေဆုံးကြ ရပါသည်။ သမ္မာကျမ်းစာ ဖော်ပြချက် အရအာဒံနှင့်ဧဝတို့၏ဘုရားစကားနားမထောင်ခြင်းအပြစ်ကြောင့်လူသားမျိုးနွယ် အဆက် ဆက်သည် အိုခြင်း၊ နာခြင်း၊ သေခြင်းကို ရင်ဆိုင်ရမည်ဖြစ်သည်။ အပြစ်ကြောင့် ထာဝရမီးငရဲ အိုင်ထဲမှာကျရမည်ဖြစ်သည်။ဘုရားသခင်သည် သူ၏တစ်ပါးတည်းသော သားတော် သခင်ယေရှုကို လူ့လောကကြီးထဲသို့စေလွှတ်ခဲ့ပါသည်။ ယောဟန် ၃:၁၆ အရ ဘုရားသခင်၏ သားတော်ကိုယုံကြည်သူများသည် ပျက်စီးခြင်းသို့မရောက်ဘဲ ထာဝရ အသက်ကို ရရှိမည်ဖြစ်သည်။ သခင်ယေရှူသည် လူသားမျိုးနွယ်အားလုံး၏အပြစ်များကို သူ့အပေါ်သို့ဆောင်ယူပြီး လက်ဝါးကားတိုင်မှာအပြစ်သားကဲ့သို့ အသေခံခဲ့ရပါသည်။ သခင်ယေရှု၏လုပ်ဆောင်ပေးမှုကို ယုံကြည်သောသူသားသမီးတိုင်း ထာဝရအသက်ကို ရရှိမည်ဟု ဂတိတော်ရှိပါသည်။
ထို့ကြောင့်ကျွန်ုပ်တို့အားလုံးသည် မည်သည်အချိန်တွင် ဤလောကကြီးမှ ထွက်ခွာရမည်ကို မည်သူမျှ မသိရှိနိုင်ပါ။ ကျွန်ုပ်တို့၏ အသက်ရှင်ရမည့် နေ့ရက်ကာလ သည် ဘုရားသခင်၏လက်တော်ထဲ၌သာရှိပါသည်။ ယုံကြည်သော သူသားသမီးတိုင်း အတွက် သခင်ယေရှုပေးခဲ့သော “ ငါ့ကိုယုံကြည်သောသူသည် သေလွန်သော်လည်း ရှင် လိမ့်မည်” ဟူသောဂတိတော်ကို ဆွဲကိုင်ကာ ရှင်သန်ရသောအချိန်တွင် ဘုရားဘုန်းတော် ထင်ရှားစေဖို့ရန် အသက်တာကိုပြင်ဆင်ရင်း လျှောက်လှမ်းကြပါစို့ဟု တိုက်တွန်း လိုပါ သည်။