(၅၆) သင့်ကိုဘုရားသခင်ပိုင်ဆိုင်တော်မူသည်

Share

၁ကော ၆:၂၀ သင်တို့သည် အဘိုးနှင့်ဝယ်တော်မူသောသူဖြစ်‌သောကြောင့်၊ ဘုရား သခင်ပိုင်တော်မူသော သင်တို့၏ကိုယ်ခန္ဓာနှင့် စိတ်ဝိညာဉ်အားဖြင့် ဘုရား သခင်၏ ဘုန်းတော်ကိုထင်ရှားစေကြလော့

ကျွန်ုပ်တို့အယောက်စီတိုင်းကို ဘုရားသခင်သည် ပိုင်ပါသည်။ ဥရောပ သမိုင်း ကြောင်းအရ ဂရေဂိုရီးယမ်းလူတစ်ယောက်သည် ဂရေဂိုရီးယမ်းမိသားစုဝင်ဖြစ်သည်။ ထို့ကြောင့် ယုံကြည်သူခရစ်ယာန်တစ်ဦးသည်လည်း ခရစ်တော်၏မိသားစုဝင်ဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ်တို့၏ ကိုယ်ခန္ဓာများသည် သန့်ရှင်းသောဝိညာဉ်တော်၏ ဗိမာန်တော် အမှန်တကယ်ဖြစ်ကြသည်။ဓမ္မဟောင်းကျမ်းထဲတွင် “သန့်ရှင်းစင်ကြယ်ခြင်း” ဟူသော စကားလုံး၏ အဓိပ္ပါယ်မှာ သီးသန့်ခွဲထားခြင်းဟူ၍ဖြစ်ပြီး နေရာနှင့်အရာဝတ္ထုများကို ရည်ညွန်းထားသည်ကို မကြာခဏ တွေ့ရပါသည်။ ဥပမာ အနေဖြင့်၊ ဣသရေလတပ်၊ ဇိအုန်တောင်၊ ယေရုရှလင်မြို့၊ တဲတော်နှင့် ဗိမာန်တော်များရည်ညွန်းပါသည်။ သန့်ရှင်းရာ ဌာန( သို့မဟုတ်) ဗိမာန်တော်သည် ဘုရားသခင်သာသီးသန့်သုံးရန် အတွက်ခွဲခြား ထားပါ သည်။ အသန့်ရှင်းဆုံးဌာန၌သာ ဘုရားသခင်သည် သူ၏မျက်မှောက်တော်ကို ထင်ရှားပြ ပါသည်။ ဓမ္မဟောင်းကျမ်းထဲတွင် ဘုရားသခင်၏ အသန့်ရှင်းဆုံးဌာနသို့ ဝင်ခွင့်ရဖို့ရန် ခွဲခန့်မှတ်သားထားသူများသာဝင်ခွင့်ရပါသည်။ ဓမ္မသစ်ကျမ်းထဲတွင်သခင်ယေရှုက ဖာရိရှဲ နှင့် ကျမ်းတတ်ဆရာများကို ဗိမာန်တော်ကို သုံးရက်အတွင်းတည်ဆောက်မည်ဟု မိန့်ဆို ခဲ့ပါသည်။ သခင်ယေရှုပြောသောအဓိပ္ပာယ်မှာ လက်ဝါးကားတိုင်တွင် အသေခံပြီးနောက် သုံးရက်မြောက်နေ့တွင် ရှင်ပြန်ထမြောက်ထမြောက်ကာ ယုံကြည်သူသားသမီးတိုင်း၏ နှလုံးသားထဲ၌ ဗိမာန်တော်ကို တည်‌ဆောက်မည်ဟူသော ဂတိစကားဖြစ်ပါသည်။ သခင်ယေရှုခရစ်ကို ယုံကြည် သောသူသားသမီးတိုင်း၏ နှလုံးသားထဲ၌ သန့်ရှင်းသော ဝိညာဉ်တော်သည် ကျိန်းဝပ်တော်မူသည်။ ကျွန်ုပ်တို့ကိုယ်ခန္ဓာကို ကျွန်ုပ်တို့မပိုင်တော့ပါ။ ဘုရားသခင်သည် အသွေးနှင် ရွေးဝယ်ထားခြင်းဖြစ်သည်။

ထို့ကြောင့်မိမိ၏ကိုယ်ခန္ဓာသည်ဘုရားသခင်ပိုင်ဆိုင်သောအရာဖြစ်သောကြောင့် မိမိကိုယ်ကိုတန်ဖိုးထားကာ ဘုရားသခင်၏အလိုတော်အတိုင်း သန့်ရှင်းသော အသက်တာ ဖြင့် လျှောက်လှမ်းရမည်ဖြစ်သည်။