(၄၈)မိမိရရှိသောဆုကျေးဇူးကိုတိုးပွားစေပါ

Share

၁ပေ :၁၀သင်တို့သည် ဆုကျေးဇူးတော်ကို အသီးသီးခံရကြသည်နှင့်အညီ၊ ဘုရားသခင်၏ အထူးထူးအပြားပြားသော ကျေးဇူးတော်ဘဏ္ဍစိုးကောင်းကဲ့သို့၊ အချင်းချင်းဝေငှပေးကမ်းကြလော့

လူတိုင်းတွင် မတူညီသောအစွမ်းအစကိုယ်စီရှိကြပါသည်။ ဆုကျေးဇူးဟုပြောသည့် အခါတွင် အသိပညာ၊အတတ်ပညာ၊ စီမံခန့်ခွဲမှုပညာ၊ စက်မှုလက်မှုပညာ၊ နည်းပညာ၊ စာရေးပညာ၊ ပန်းချီပညာ၊ ဆောက်လုပ်ရေးပညာ စသဖြင့် အမျိုးမျိုးရှိကြပါသည်။ လူတစ်ယောက်စီတိုင်းကို ဘုရားသခင်သည် အံဩဘွယ်သောဆုကျေးဇူးတစ်ခုခုကို ပေးထားပါသည်။ ဆုကျေးဇူး မပိုင်ဆိုင်သူ ဟူ၍ မရှိပါ။ လူတစ်ယောက်နှင့်တစ်ယောက် စိတ်နေစိတ်ထား၊ အတွေးအခေါ်၊ စိတ်ဝင်စားမှု များသည်မတူညီကြပေ။ဥပမာ၊ ဂီတာတီးတာစိတ်မဝင်စားသောသူကို ဂီတာတစ်လက် လက်ဆောင် ပေးပါက သူ့အတွက် ဘာမှအသုံးမဝင်သောအရာဝတ္ထုပစွည်းတစ်ခုသာဖြစ်ပေမည်။ ကျွန်တော် ကိုယ်တိုင်လည်း ငယ်စဉ်အခါက စိတ်ကူးအရမ်းယဉ်ပါသည်။ သူငယ်ချင်းများ တယောတီးလျှင် လိုက်တီးချင်သည်။ စန္ဒယားဆိုလည်း လိုက်တီးချင်ပါသည်။ သို့သော် ထိုသင်တန်းများ လိုက်တက် သောအခါတွင် ကြာလာတော့ ညီးငွေ့သလိုခံစားရသောကြောင့် ဘာမှဖြစ်ဖြစ် မြောက်မြောက် မဖြစ်လာခဲ့ပါ။ အချိန်ကာလတစ်ခုကြာလာမှ မိမိ၏ စိတ်ဝင်စားမှုနှင့် ဆုကျေးဇူးကို သိလာ ခဲ့ရပါသည်။ ကျွန်တော်အိမ်ဘေး၌ ညီလေးတစ်ယောက်သည် သီချင်းဆိုဝါသနာ ပါသောသူ ဖြစ်ပါ သည်။ အချိန်တိုင်း ရေချိုးခါနီးဖြစ်စေ၊ အလုပ်မှပြန်လာသည်ဖြစ်စေ၊ သီချင်းအမြဲတမ်း ဆိုပါသည်။ သူကို ဂီတာတီးပေးသောအခါ မမောနိုင်မပန်းနိုင် သီချင်းကိုပျှော်ရွှင်စွာ ဆိုပါသည်။ အဘယ် ကြောင့် ဆိုသော် သီချင်းဆိုရခြင်းသည် သူ့အတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်စေပဲ ပျှော်ရွှင်စေ‌ သောအရာဟု သတ်မှတ်ထားခြင်းကြောင့်ဖြစ်သည်။ မိမိလုပ်ဆောင်နေသောအရာ သည်မိမိအတွက် ဝန်ထုပ် ဝန်ပိုးမဖြစ်စေဘဲ ပျှော်ရွှင်နေပါက ဘုရားသခင်ပေးထားသော ဆုကျေးဇူး အစွမ်းအစပင် ဖြစ်သည် ဟု မှတ်ချက်ချရ‌ပေမည်။အောင်မြင်ကျော်ကြားသောသူများသည်လည်း မိမိ၏ ဆုကျေးဇူး ကို သိရှိပြီး ကြိုးစားသောကြောင့် အောင်မြင်သောသူများဖြစ်လာပါသည်။ မိမိဆုကျေးဇူး ကို သိသော် ငြားလည်းကြိုးစားအားထုတ်မှုမရှိလျှင်အောင်မြင်မှုလည်းရရှိမည်မဟုတ်ပေ။ဆုကျေးဇူး အားလုံးကို ပေးပိုင်သောသူသည် ဘုရားသခင်သာလျှင်ဖြစ်ပေသည်။မိမိရရှိသော ဆုကျေးဇူး အပေါ် မာန်မာန ထောင်လွှားဖို့ရန်မသင့်ပေ။အဘယ်ကြောင့်ဆိုသော မိမိရရှိထားသော ဆုကျေးဇူးသည် ဘုရား သခင်ထံ‌မှ လာသောအရာဖြစ်သောကြောင့် ချီးမွမ်းခြင်း၊ ဂုဏ်ပြုခြင်းသည် ဘုရားသခင် နှင့်သာ ဆိုင်ပါသည်။ ဆုကျေးဇူးများကိုတိုးပွား‌စေပြီးဘုရားဘုန်းတော်ထင်ရှားသောစေဖို့ရန်လုပ်ဆောင် သော သူသည် ဘုရားသခင်၏ချီးမြောက်ခြင်းကို ခံရမည်ဖြစ်သည်။