(၄၇)ခရစ်တော်၌ အိပ်ပျော်ခြင်း

Share

၁သက် :၁၃၁၄ ညီအကိုတို့ မြော်လင့်ခြင်းမရှိသော အခြားသူတို့သည် ဝမ်းနည်း သကဲ့သို့ သင်တို့သည် ဝမ်းမနည်းမည့်အကြောင်း၊ အိပ်ပျော်သောသူတို့၏ အမှု အရာကို မသိဘဲနေစေခြင်းငှါ ငါတို့အလိုမရှိ။ ယေရှုသည် သေပြီးမှ တဖန် ထမြောက်တော်မူသည်ကို ငါတို့သည်ယုံလျှင်၊ ထိုနည်းတူယေရှု၌ အိပ်ပျော် သော သူတို့ကိုလည်း၊ ထိုသခင်နှင့်အတူ ဘုရားသခင်ပို့ဆောင် တော်မူ လိမ့်မည်

ယခုအချိန်တွင် ကျွန်တော်တို့မြန်မာနိုင်ငံကြီးသည် covid-19 တတိယ လှိုင်းကို နေရာပေါင်းစုံတွင်တွေ့ကြုံခံစားကြရပါသည်။ Facebook စာမျက်နှာတွင်လည်း နေ့တိုင်း နာရေးသတင်းတစ်ခုမဟုတ်တစ်ခု မြင်ကြရပါသည်။ မိမိနှင့်သိကျွမ်းသော မိဘ၊ဆရာ သူငယ်ချင်း၊ ဆွေမျိုးများထဲမှ ဆုံးရှုံးမှုများကြုံရသောအခါတွင်‌ ကြေကွဲဝမ်းနည်း ကြရပါ သည်။

ယုံကြည်သူ ညီအစ်ကို၊ မောင်နှမများကို ၁သက်  ၄:၁၃-၁၄ ကျမ်းပိုဒ်အားဖြင့် အားပေးလိုပါသည်။ နှုတ်ကပတ်တော်ထဲတွင် ဖော်ပြထားသည်မှာ ခရစ်တော်ကို ယုံကြည် သောသားသမီးတိုင်းသည် သေသွားသောအခါတွင်“သေသည်” ဟူသော စကားကို မသုံးဘဲ “အိပ်ပျော်သည်” ဟု သုံးထားပါသည်။ ဥပမာ -လူတစ်ယောက် ညအချိန် မှိတ်မှိတ် ခြိုတ်ခြိုတ် အိပ်ပျော်သွားအခါ နှလုံးခုန်နေသ၍မနက်မိုးလင်းသောအခါ ဧကန်မုချ နိုးထ လာမည်ဖြစ်သည်။ ထိုအတူပဲ ခရစ်တော်ကို ယုံကြည်သောသားသမီးတိုင်းသည် ခရစ်တော်ကို ရရှိပြီးသောသူများဖြစ်သောကြောင့် သေလွန်သော်လည်း ထမြောက်လိမ့် မည်ဟု ဂတိတော်ရှိပါသည်။

ထို့ကြောင့် မျှော်လင့်ခြင်းမရှိတော့ဘူး။ သေသွားပြီး။ပြန်မဆုံရတော့ဘူးဟူသော အတွေးမျိုးဖယ်ရှားပြီး မိမိတို့ ချစ်ရ၊ ခင်ရသူများကို တစ်နေ့ ဘုရားပြင်ဆင်ပေးထားသော ထာဝရအိမ်တွင် ပြန်ဆုံတွေ့ကြရမည်ကို ယုံကြည်ကြရမည်ဖြစ်သည်။ ဘုရားသခင်ထံမှ လာသောနှစ်သိမ့်ခြင်းကို ရရှိပါစေ။