ဧဖတ် ၄:၃၂” အချင်းချင်းကျေးဇူးပြုခြင်း၊ သနားစုံမက်ခြင်း၊ ဘုရား သခင် သည်ခရစ်တော်ကြောင့် သင်တို့၏အပြစ်ကို လွှတ်သကဲ့သို့ အချင်းချင်း အပြစ် လွှတ်ခြင်းရှိကြလော့”
ဘဝ၏အခက်ခဲဆုံးအချိန်တွင်လူတစ်ဦးနှင့်တစ်ဦးအားပေးစကားပြော ခြင်းသည် အင်မတန်မှလိုအပ်ပါသည်။ အထူးသဖြင့် ဆုံးရှုံးမှုများ၊ ကျရှုံးမှုများ ကြုံတွေ့ ရချိန်တွင် အားပေးစကားများဖြစ်သော “အားတင်းထား”“အရှုံးမပေးနဲ့“ ဘုရားသခင်သင်နဲ့အတူရှိ နေတယ်” မင်းအတွက်ဆုတောင်းပေးနေမယ်”ဟူသောစကားလုံးများဖြင့်အားပေးကြ ပါသည်။
မကြာသေးမှီ ကျင်းပပြီးစီးသွားခဲ့သော ယူရို၂၀၂၀ ဗိုလ်လုပွဲတွင် အင်္ဂလန်နှင့် အီတလီအသင်းတို့ ဆုံတွေကြပါသည်။ ပွဲချိန်အတွင်း တစ်ဖက်တစ်ဂိုးစီသရေကျ၍ အချိန်ပို ကန်ပြီးသောအခါ ပယ်နတီ ကန်ကြရပါသည်။ အင်္ဂလန်လူငယ်လေး( ၃) ဦး ပယ်နတီလွဲချော်၍ အင်္ဂလန်အသင်းလည်း ယူရိုဖလားနှင့်ဝေးကွာခဲ့ရပါသည်။ အင်္ဂလန် အသင်းမှ လူငယ်လေး(၃) ဦးသည် လူတစ်ချို့၏လူမျိုးရေးခွဲခြားမှုများကို အပြင်းအထန် ခံစားခဲ့ရပါသည်။ ထို့ကြောင့် အားကစားအသိုင်းအဝိုင်းနှင့် လူအများအပြားက အားပေး စကားများမြောက်များစွာဖြင့် အားပေးခဲ့ပါသည်။ ထိုအားပေးစကားများသည် သူတို့ အတွက် ခွန်အားဖြစ်စေခဲ့ပါသည်။
ထို့ကြောင့် အားပေးစကားသည် လူတစ်ယောက်၏ ဘဝကို ပြောင်းလဲပေးနိုင်သည်။ သခင်ယေရှုသည်လည်း ကောင်းကင်သို့မတတ်ကြွမှီ တပည့်တော်များအား” ငါသည် သင်တို့နှင့်အတူ ကပ်ကမ္ဘာကုန်သည်တိုင်အောင်ရှိမည်ဟု” အားပေးခဲ့သလို ကျွန်တော်တို့ သည်လည်း မိမိအနီးအနား၌ရှိသော လိုအပ်နေသူများ အားပေးစကားများပြောကြပါစို့။