(၄၅) စိတ်နှလုံးတော်နှင့်ညီညွတ်သောသူ

Share

တမန်တော်ဝတ္ထု ၁၃:၂၂()ထိုသူအားသက်သေခံတော်မူလျက်၊ စိတ်နှလုံး၌ ညီညွတ်သည်ဖြစ်၍ ငါ့အလိုကိုပြည့်စုံစေမည့်သူ၊ ယေရှဲ၏သားဒါဝိဒ်ကို ငါတွေ့ရ ပြီးဟု မိန့်တော်မူ၏

သမ္မာကျမ်းစာထဲ၌ ဘုရားသခင်၏ စိတ်နှလုံးတော်နှင့်ညီညွတ်သောသူဟု ချီးမွမ်းခြင်း ခံရသောသူမှာဒါဝိဒ်မင်းကြီးဖြစ်သည်။ ဒါဝိဒ်၏အသက်တာကို ကြည့်မည်ဆို လျှင် သူ၏လုပ်ဆောင်ချက်များသည် အမြဲတမ်း ဘုရားသခင်၏ အလိုတော် နှင့် မကိုက်ညီ ခဲ့ပါ။ ဒါဝိဒ်သည် လူပေါင်းများစွာ၏ သွေးတွေနဲ့ စွန်းနေသော စစ်သူရဲ တစ်ယောက် ဖြစ်သည်။ သူသည် ဗာသရှေဘဟုခေါ်‌သော အမျိုးသမီး နဲ့လည်း မတရား‌သော မေထုန်ပြုခဲ့ ပါသည်။ ထို့အပြင် ဖခင် တစ်ယောက်၏ တာဝန် ဝတ္တရားတွေလည်း မကျေနိုင်ခဲ့ပါ။ သူ၏မိသားစုထဲ၌ ပြသနာတွေ အခြေအ‌နေ ဆိုးတွေနဲ့ ရင်ဆိုင်ခဲ့ရပါသည်။ ဒါဝိဒ်သည် ဘုရားသခင်၏ အမိန့်တော် ကို ဆန့်ကျင်ပြီး မာနထောင်လွှားစွာဖြင့် သူ့စစ်တပ်ကို သန်းခေါင် စရင်းကောက်ယူ ခဲ့တာ ကြောင့် လူခုနှစ်သောင်း ကပ်ရောဂါဖြင့် သေဆုံး ခဲ့ရပါသည်။ ဒီလိုလူမျိုးကို ဘုရားသခင် သူ၏စိတ်နှလုံးတော်နှင့်ညီညွတ်သောသူဟု ကျွန်ုပ်တို့စောတက တတ်နိုင်ပါသည်။ မှန်ပါသည် ဒါဝိဒ်သည် လူ့အသိုင်းအဝိုင်းက လက်မခံနိုင် လောက်တဲ့ အပြစ်ဒုစရိုက်နှင့် လူတစ်ယောက် ဖြစ်ပါသည်။ သူ၏ အသက်တာ သည် မပြည့်ဝ မစုံလင်ခဲ့ပါ။ သို့သော် ဘုရားသခင်သည် ဒါဝိဒ်၏ နှလုံးသားကို ကြည့်ရှုသောဘုရားဖြစ်သည်။ အဘယ်ကြောင့်ဘုရားသခင်ကဒါဝိဒ်အား စိတ်နှလုံးတော်နှင့်ညီညွတ်သောသူဟု ချီးမွမ်းရသလဲဆိုတော့….

(၁)ဒါဝိဒ်သည် မိမိအပြစ်ကိုသိပြီးဘုရားသခင်ထံဝန်ချတောင်းပန်သောသူဖြစ်သည်

(၂)ဒါဝိဒ်၏နှလုံးသားသည် ဘုရားသခင်၏အလိုတော်ကိုဆောင်လိုသောသူဖြစ်သည်

(၃)ဒါဝိဒ်သည် တရားတော်ကိုနေ့ညမပြတ် ဆင်ခြင်အောက်မေ့သောသူဖြစ်သည်

(၄) ဒါဝိဒ်သည် အရာအားလုံးထက်ဘုရားသခင်နှင့် မိသဟာရဖွဲ့ခြင်းကိုတောင့်တသော သူဖြစ် သည်

(၅)ဒါဝိဒ်သည်အစဉ်အမြဲ ချီးမွမ်းခြင်းနှင့်ပြည့်နေသောနှလုံးသားဖြစ်သည်။

ကျွန်ုပ်တို့သည်လည်း ဒါဝိဒ်ကဲ့သို့ဘုရားသခင်၏စိတ်နှလုံးတော်နှင့်ကိုက်ညီသောသူ ဖြစ်စေဖို့ ရန် သာ၍ ဆက်ကပ်ပြီး အသက်ရှင်ကြစို့။