၁ယော ၅:၁၄–၁၅” ငါတို့သည် ဘုရားသခင်အထံတော်၌ ရဲရင့်ခြင်း အကြောင်း ဟူမူကား၊ ငါတို့သည် အလိုတော်နှင့်အညီ တစ်စုံတစ်ခုသောဆုကို တောင်းလျင်၊ ဘုရားသခင်သည် နားညောင်းတော်မူ၏။ ဆုတောင်းသမျှသော စကားတို့ကို နားထောင်တော်မူသည်ကို ငါတို့သိလျှင် အထံတော်၌ တောင်းသော ဆုကိုရမည်”
ယုံကြည်သူခရစ်ယာန်တစ်ယောက်၏ ဝိညာဉ်ရေးရာအသက်တာတွင် အလိုအပ် ဆုံးအရာမှာ ဆုတောင်းခြင်းဖြစ်သည်။ များစွာသော ဖိစီးမှုများ၊ စိုးရိမ် မှုများ၊ အခက်ခဲ ပြသနာများကို ကျော်ဖြတ်နိုင်ဖို့ရန် ဆုတောင်းခြင်းအားဖြင့် တတ်နိုင်ပါသည်။ ဘုရားသခင် ကြီးမားစွာအသုံးပြုသော ဆရာကြီBilly Graham၊ ဆရာကြီး DL.Moody၊ ဆရာကြီး Martin Luther၊ ဆရာကြီး Wenham တို့သည် ဆုတောင်းခြင်းအားကြီးသူများဖြစ်သည်။ ဆရာကြီး Wenhamကတော့” တရားဟောခြင်းသည်ရှားပါးသည့် ဆုကျေးဇူးဖြစ်သည်။ ထိုထက် ဆုတောင်းခြင်းသည် ပိုမိုရှားပါးသည် အရာတစ်ခုဖြစ်သည်။ တရားဟောခြင်း သည် ဓါးကဲ့သို့မိမိအနီးအနား၌ရှိသောရန်စွယ်များကို ကာကွယ်နိုင်ပြီး ဆုတောင်းခြင်းက အမြောက်ကဲ့သို့ မိမိအဝေး၌ရှိသောအရာများကို ပစ်နိုင်သည်” ဟုပြောခဲ့ပါသည်။ ဆုတောင်းခြင်းနှင့်ပတ်သတ်ပြီး အနည်းငယ်ဖော်ပြလိုပါသည်။
ထိုအရာများကတော့…..
(၁)အလွန်အမင်းလိုအပ်ချက်ရှိလျှင် အကောင်းဆုံးဆုတောင်းထွက်ပေါ်လာပါသည်။
(၂)အောင်မြင်သောဆုတောင်းချက်ဖြစ်ဖို့ရန်အတွက် “ဘုရားသခင်ထံ စိတ်နှလုံး အကြွင်းမဲ့ ချဉ်းကပ်ရမည်”ဖြစ်သည်။
(၃)ရိုးစင်းစွာ ဆုတောင်းပါ။
(၄)ဆုတောင်းခြင်းအားကြီးရန် မည်သည့်အရာမှ နောက်ဆံမတင်းပါနှင့်။
(၅)အဖိုးအခပေး၍ ဆုတောင်းခြင်းမျိုးကို ဘုရားသခင်တန်ဖိုးထားပါသည်။( ဥပမာ၊ နံနက် စောစောထ၍ဆုတောင်းခြင်း၊ အစာရှောင်ဆုတောင်းခြင်း)
(၆)အလိုတော်နှင့်ညီသောဆုတောင်းခြင်းမျိုးဖြစ်ရမည်။
ဆုတောင်းခြင်းအားဖြင့် ဘုရားသခင်၏အထံတော်သို့ တိုးဝင်ချဉ်းကပ်ကြစို့။