(၄၃) ဘုရားပေးသောငြိမ်သက်ခြင်း

Share

ဟေရှယ၉:အကြောင်းမူကား၊ငါတို့အဘို့သူငယ်ကိုဖွားမြင်၏။ငါတို့အားသားကို သနားတော်မူ၏။ထိုသူသည်အုပ်စိုးခြင်းအာဏာစက်ရှိလိမ့်မည်။ နာမတော်မူကား အံ့ဩဘွယ်၊ တိုင်ပင်ဘက်၊ တန်ခိုးကြီးသောဘုရားသခင်၊ ထာဝရအဘ၊ ငြိမ်သက်ခြင်း အရှင်ဟု ခေါ်ဝေါ်ခြင်းကို ခံတော်မူလိမ့်မည်

ပရောဖတ်ကြီးဟေရှယက သခင်ယေရှုခရစ်တော်ကို ငြိမ်သက်ခြင်းအရှင်              (Prince of Peace)ဟုပြောခဲ့ပါသည်။ ယနေ့တွင် လူသားတိုင်း အလိုချင် အတောင့်တဆုံး အရာမှာ စိတ်နှလုံးငြိမ်သက်ခြင်းဖြစ်သည်။ အထူးသဖြင့်အခက်ခဲဆုံးအချိန်၊ အကူအညီမဲ့ သောအချိန်၊လမ်းစပျောက်သောအချိန်တွင် ငြိမ်သက်ခြင်းကို တောင့်တကြပါသည်။ အချို့ ကတော့ စိတ်ငြိမ်သက်ခြင်းရဖို့ရန် လူတွေနဲ့ အဝေးဆုံးကို သွားရောက်ကာ အပန်းဖြေ ကြပါသည်။သို့သော်ခန္ဓာကိုယ်ကအနားရသော်လည်းစိတ်ကတော့အနားရမည်မဟုတ်ပေ။

ယခုအချိန်တွင် ကျွန်တော်တို့ မြန်မာနိုင်ငံကြီးသည် covid-19ရောဂါကပ်ဆိုးကို နေရာတိုင်းအလူးအလဲ ခံနေကြရပါသည်။ ဤကပ်ကာလဆိုးကြီးကို ကျော်လွန်နိုင်ဖို့ရန် ဘုရားပေးသောငြိမ်သက်ခြင်းကို မရရှိပါက ပူပန်မှုများ၊ ကြောက်ရွံ့မှုများ၊ စိုးရိမ်မှုများကို တွန်းလှန်နိုင်မည်မဟုတ်ပေ။ ဆိုရှယ်မီဒီယာကို ကြည့်မည်ဆိုလျှင်လည်း ကောင်းသတင်း ထက် ဝမ်းနည်းစရာ၊ စိတ်ထိခိုက်စရာသတင်းများသာ တွေ့ကြရပါသည်။ အထူးသဖြင့် ကျွန်တော်တို့ ယုံကြည်သူအယောက်စီတိုင်းသည် “ ငြိမ်သက်ခြင်းအရှင် ယေရှုခရစ်တော် ကို ရှာဖို့လိုပါသည်။ ထိုအရှင်သာလျှင် ကျွန်တော်တို့၏ ပူပန်မှု၊ ကြောက်ရွံ့မှုများကို ငြိမ်းအေးစေမည်ဖြစ်သည်။ သခင်ယေရှုခရစ်တော်၏ အသက်ရှင်မှုကိုကြည့်မည်ဆိုလျှင် ငြိမ်သက်ခြင်းဖြင့် ကားတိုင်ခရီးကိုအဆုံးတိုင်လျှောက်လှမ်းခဲ့ပါသည်။ နေ့ရက်တိုင်းဘုရား

ပေးသောငြိမ်သက်ခြင်းရရှိဖို့ရန် အထံတော်ပါးသို့ သာ၍ တိုးဝင်ချဉ်းကပ်ကြစို့။