မာကု ၇:၂၁–၂၃” လူအတွင်းနှလုံးထဲကမကောင်းသောကြံစည်ခြင်း၊ သူ့မယားကို ပြစ်မှားခြင်း၊ မိန်းမလွတ်နှင့်မှားယွင်းခြင်း၊ လူ့အသတ်ကို သတ်ခြင်း၊ သူ့ဥစ္စာ ကို ခိုးခြင်း၊ လောဘလွန်ကျူးခြင်း၊ မနာလိုခြင်း၊ လှည့်စားခြင်း၊ ညစ်ညူးခြင်း၊ ငြူစူခြင်း၊ သူ့အသရေကို ဖျက်ခြင်း၊ ထောင်လွှားစော်ကားခြင်း၊ လျှပ်ပေါ်ခြင်း၊ ဤဆိုးညစ်သောအရာများတို့သည် အတွင်းမှ ထွက်လာ၍ လူကိုညစ်ညူးစေ ကြ သည်ဟု မိန့်တော်မူ၏”
ယနေ့ လူအများက လေထုညစ်ညမ်းမှု၊ ရေထုညစ်ညမ်းမှု၊ ဆူညံသံများအနှောက် အယှက်ပေးမှုကိုသာ ဂရုစိုက်နေကြသော်လည်း အကြီးမားဆုံးအန္တရာယ်တစ်ခုမှာ “ စိတ် ဝိညာဉ် ညစ်ညမ်းမှု”ဖြစ်သည်။ လူတွင် အမြင်အာရုံ ၊ အကြားအာရုံ ၊ အနံ့အာရုံများရှိ သော ကြောင့် နေ့ရက်စဉ်တိုင်း စိတ်ဝိညာဉ်ညစ်ညမ်းမှုကို ဖြစ်စေသော အရာများကို ရင်ဆိုင် ကြုံတွေ့နိုင်ပါသည်။ တိုးတတ်ဖွံဖြိုးသော နိုင်ငံများတွင်လည်း အဓမ္မ အမှုများ၊ အပြစ် ဒုစရိုက်မျာ၊အကျင့်စာရိတ္တပျက်စီးမှု သတင်းများကို မကြာခဏ တွေ့မြင်ကြ ရပါ သည်။ အမှန်တကယ်တော့ အပြစ်ဒုစရိုက်ခပ်သိမ်း၏ ရင်းမြစ်သည် လူ၏အတွင်း နှလုံးသားမှ စတင်လာပါသည်။ ထို့ကြောင့် သခင်ယေရှုက စိတ်နှလုံး၏ ပျက်စီး ယိုယွင်းမှု များကို ဖော်ပြခဲ့ပါသည်။ ပြဿနာသည် လူ့အတွင်းနှလုံးသား၌ ရှိသောကြောင့်စိတ်ဝိညာဉ် ညစ်ညမ်းမှု ပြသနာကို နှုတ်ကပတ်တော်အားဖြင့်သာ ဖြေရှင်းနိုင်ပါသည်။ သခင်ယေရှုက ယောဟန် ၁၇:၁၇တွင်” ကိုယ်တော်၏ သမ္မာတရားအားဖြင့် သူတို့ကို သန့်ရှင်းစေ တော် မူပါ။ကိုယ်တော်၏ နှုတ်ကပတ်သည် သမ္မာတရားဖြစ်ပါ၏” သူ၏တပည့်တော်များကို ဆုတောင်း ပေးခဲ့ပါသည်။
ထို့ကြောင့်စိတ်ဝိညာဉ်ညစ်ညမ်းမှုများကို ဖယ်ရှားနိုင်ဖို့ရန် နှုတ်ကပတ်တော်တည်းဟူ သောသမ္မာတရားအားဖတ်ရှု၊ ဆင်ခြင်၊ နှလုံးသွင်းခြင်းအားဖြင့်သာ ကျော်လွှားနိုင် မည်ဖြစ် သည်။