ယောဟန် ၁၅:၁၆” သင်တို့သည် ငါ့ကိုရွေးကောက်ကြသည်မဟုတ်။ငါသည် သင်တို့ကို ရွေးကောက်သဖြင့်၊ သင်တို့သည် သွား၍ တည်ကြည်သောအသီးကို သီးမည့်အကြောင်းနှင့် ငါ့နာမကိုအမှီပြု၍ ခမည်းတော်ထံမှာ တောင်းသမျှ တို့ကို ရမည့်အကြောင့် သင်တို့ကို ငါခန့်ထား၏”
ဘုရားသခင်ကြီးမားစွာအသုံးပြုခြင်းခံရသောသူများ၏အသက်တာသည် ကောင်းမွန် သော သွင်ပြင်လက္ခဏာများရှိပါသည်။ ဘုရားသခင်သည် ခလေး၊ လူငယ်၊ လူကြီး အလိုက် မတူညီသောဂဏ္ဍများတွင် အသုံးပြုပါသည်။ စာရေးသူ၏ ဘဝအသက်တာတွင် လည်း ငယ်ရွယ်စဉ်အခါက အမှုတော်ဆောင်ဖြစ်လာဖို့မရည်ရွယ်ခဲ့ပါ။ သို့သော် ဘဝ၏ ဒုက္ခ အခက်အခဲကြားထဲတွင် ဘုရားသခင်၏ချစ်ခြင်းမေတ္တာကို သိရှိပြီး အသက်တာ ပြောင်းလဲ လာခဲ့ပါသည်။ ထို့နောက် ဘုရားသခင်၏အမှုတော်မြတ်အတွက် ရွေးကောက် ခြင်း ခံရ ပါသည်။ အားနည်းချက်များရှိစေကာမူ ဘုရားသခင်၏ အမှုတော်မြတ်ထဲတွင် ပါဝင် ရခြင်းသည် ကျေးဇူးတော်သက်သက်သာဖြစ်ပေသည်။ ဒီနေ့မှာတော့ ဆရာကြီး ဒေါက်တာ ယဟလေလေးလ၏ “ဘုရားသခင်အသုံးပြုသောသူ” တရားဟောချက်ထဲမှ အကြောင်း အရာအနည်းငယ်ဖြင့် ခွန်အားပေးလိုပါသည်။ ဘုရားသခင် အသုံးပြုသော သူများ ဖြစ်ဖို့ရန် လိုအပ်သော သွင်ပြင်လက္ခဏာများမှာ….
(၁) ဘုရားသခင်သည် သူ့အားလုံးဝအုပ်သုံ ချွတ်ယွင်းချက်မရှိ နာခံသောသူကို အသုံးပြု ပါသည်
(၂) ဘုရားသခင်သည် သူ့အားမျှော်ကြည့်ပြီး ယုံကြည်ခြင်းရှိသူများကို အံ့ဩဘွယ် အမှုပြု ပါသည်
(၃) ဒူးထောက်ဆုတောင်းလျှက် အပြစ်မှနောင်တရသူကို ဘုရားသခင်အသုံးပြုသည်။
(၄) ဘုရားသခင်သည် သာမန်ရိုးရိုးလူများကိုလည်း အသုံးပြုပါသည်။
(၅)ဘုရားသခင်သည် သူ၏ဆန္ဒအတိုင်း သူကအသုံးပြုပါသည်။
ဘုရားသခင်အသုံးပြုခြင်းခံရသောသူများဖြစ်ရန် အထက်ဖော်ပြပါ သွင်ပြင် လက္ခဏာ များကို ယူတင်ဝတ်ဆောင်ကြပါစို့။