(၃၉) ပင်လယ်လှိုင်းလုံးထဲမှကယ်နုတ်သောဘုရား

Share

မာကု ၄:၃၉” ကိုယ်တော်သည်ထ၍ တိတ်ဆိတ်ငြိမ်သက်စွာနေဟု လေနှင့် ပင်လယ်ကို ဆုံးမတော်မူသဖြင့် လေသည်အလွန်ငြိမ်၍ သာယာလေ၏”

ပင်လယ်လှိုင်း၏ သဘောသဘာဝသည် လေနှင့်မိုးများထန်လာသော အခါတွင် အင်မတန်ကြီးမားသော လှိုင်းလုံးကြီးများ အဖြစ်သို့ပြောင်းလဲ သွားတတ်ပါသည်။ ကျွန်တော့်၏မွေးရပ်မြေသည် မြစ်ဝကျွန်းပေါ်နှင့်ထိစပ်နေသော ရွာလေးတစ်ရွာ ဖြစ်ပါ သည်။ မြစ်အမည်ကတော့ ပြန်မလောက်မြစ်ဟု‌ ခေါ်ပါသည်။ ကျွန်တော်တို့ ရွာကတော့ မြစ်နဲ့ကပ်ရပ်ပင်ဖြစ်သောကြောင့် လှိုင်းလုံးကြီးများကိုခနခန တွေ့ဖူးကြုံဖူးခဲ့ပါသည်။ ငယ်စဉ်အခါ ကျောင်းပိတ်ရက် ရွာသို့ပြန်လာတိုင်း ထိုလှိုင်းလုံးကြီးကို ကျော်ဖြတ်ရ ပါသည်။ ညနေပိုင်းတွင် လှိုင်းလုံးကြီးများအင်မတန်မှကြီးမားသောကြောင့် မည်သူမျှ ခရီး မသွားလိုကြ‌ ပေ။ လှိုင်းလုံးများထဲနှစ်မြုတ်သွားသော ကျောက်သင်္ဘောများလည်း ရှိဖူးပါ သည်။ သင်္ဘော၏တပ်မှကို ထိန်းသောသူသည် မကျွမ်းကျင်ပါက တခနအတွင်း မြုပ်သွား နိုင်ပါသည်။

သမ္မာကျမ်းစာထဲတွင်လည်း သခင်ယေရှုနှင့် တပည့်တော်များသည်လည်း အင်မတန် ကြီးမားသော မိုးသက်မုန်တိုင်းနှင့်ရင်ဆိုင်ခဲ့ရပါသည်။ လှိုင်းများ၏ ရိုက်ခတ်မှု ကြောင့် လှေလည်းရေနဲ့ပြည့်သွားပါတော့သည်။ တပည့်တော်များမဆိုထားနှင့် ကျွန်တော် တို့လည်း သေဘေးနှင့်ရင်ဆိုင်ရပါက သူသူငါငါ ကြောက်ရွံ့ကြမည်ဖြစ်သည်။ ထိုအချိန် တွင် သခင်ယေရှုသည် ပဲ့၌ အိပ်ပျော်နေချိန်ဖြစ်သည်။ တပည့်တော်များသည် ကြောက်ရွံ လာသောကြောင့်သခင်ယေရှုကိုခေါ်နိုးခဲ့ပါသည်။ ထို့နောက်သခင်ယေရှုသည် ပင်လယ် နှင့် လှိုင်းကို ဆုံးမသဖြင့် လေသည်ငြိမ်၍ အရာအားလုံးပုံမှန် ဖြစ်သွားပါတော့သည်။ သခင်ယေရှုက အချက်နှစ်ချက်ပြောခဲ့ပါသည်။ အထိုအချက်နှစ်ချက်ကတော့..

(က)အဘယ်ကြောင့် ဤလောက်ကြောက်တတ်သနည်း?

(ခ)အဘယ်ကြောင့် ယုံကြည်ခြင်းစိတ်နှင့်ကင်းသနည်း? မေးခွန်းနှစ်ခုနဲ့မေးတော်မူပါသည်။

ထို့အတူပဲ ကျွန်တော်တို့၏ အသက်တာတွင် ဘဝမုန်တိုင်းမည်မျှပင် လှိုင်းထန်စေကာမူ ကြောက်ရွံ့စိတ်ကိုဖယ်ရှားကာ ယုံကြည်ခြင်းဖြင့် ဘုရားသခင်နှင့်အတူ‌ လျှောက်လှမ်းကာ အခက်အခဲများကို ကျော်ဖြတ်ရမည်ဖြစ်သည်။