ရောမ ၁၂:၁၁” အားထုတ်ခြင်းအရာမှာ ပျင်းရိခြင်းမရှိဘဲလျက်၊ စိတ်တန်းသဖြင့် သခင်ဘုရား၏အလိုတော်သို့လိုက်၍ အားထုတ်ကြလော့”
ကျောင်းသားများအတွက် အတန်းတင်စာမေးပွဲသည် အရည်အချင်းကို စစ်ဆေး ခြင်းဖြစ်သည်။ လပတ်စာမေးပွဲရှိသလို နောက်ဆုံးစာမေးပွဲကြီးလည်း ရှိပါသည်။ စာမေးပွဲများအားဖြင့် မိမိ၏တိုးတတ်မှုကိုသိနိုင်ပါသည်။ နောက်ဆုံးအတန်းတင် စာမေး ပွဲကြီးတွင်ဖြေဆိုနိုင်ခြင်းမရှိပါက လာမည့်နှစ်တွင် အတန်းသစ်ကိုတတ်ရမည်မဟုတ်ပေ။ စာရေးသူ၏ ဘဝအသက်တာတွင်လည်း ဆယ်တန်းစာမေးပွဲကြီးတစ်ခါကျရှုံးဖူးပါသည်။ သို့သော်နောက်နှစ်တွင်ပြန်လည်ဖြေဆိုသည့်အခါ အောင်မြင်ခဲ့ပါသည်။ ကျမ်းစာကျောင်း တတ်တော့လည်း ဝင်ခွင့်ပထမအကြိမ်မအောင်မြင်ခဲ့ပါ။ ဒုတိယအကြိမ်မှ အောင်မြင်ခဲ့ ပါသည်။ ဘဝတွင်အမြဲ နှစ်ကြိမ်ကြိုးစားပြီးမှသာ လိုရာပန်းတိုင်ကိုရောက်ခဲ့ပါသည်။
လျှပ်စစ်မီးကိုတီထွင်ခဲ့သောမက်စ်အက်ဒီဇင်သည် အကြိမ်(၁၀၀၀)မက ဆုံးရှုံးမှု နှင့်ရင်ဆိုင်ရသော်လည်း နောက်ဆုံးတွင် လူအများအတွက်အကျိုးဖြစ်စေသော အရာကို လုပ်ဆောင်နိုင်ခဲ့ပါသည်။ တယ်လီဖုန်းစတင်တီထွင်သော ဂရေဟမ်ဘဲလ်သည် လည်း အကြိမ်ကြိမ်အခါခါကြိုးစားပြီးမှသာ အောင်မြင်ခြင်းရရှိခဲ့ပါသည်။ နေချင်းညချင်း အောင်မြင် ဖြစ်ထွန်းသည်မဟုတ်ပါ။ အမေရိကန်နိုင်ငံ၏( ၁၆) ကြိမ်မြောက်သမ္မတဖြစ်သူ အာဗြံဟံလင်ကွန်းသည်လည်း ကြီးမားသောဆုံးရှုံးမှု (၁၁)ကြိမ်ကြုံပြီးမှ အသက် (၅၁)နှစ် တွင် သမ္မတရာထူးကို ရရှိခဲ့ပါသည်။
ထိုနည်းတူကျွန်တော်တို့သည်လည်းဘဝတွင်အရှုံးများနှင့်ရင်ဆိုင်ရပါကအရှုံးပေး လက်မြောက်ဖို့ရန် ဘုရားသခင်သည်အလိုမရှိပေ။ အခက်အခဲမည်မျှပင်ရှိစေကာမူ အောင်မြင်ခြင်းပန်းတိုင်များဆီသို့ အရောက်လှမ်းရမည်ဖြစ်သည်။