ဖိလိပ္ပိ ၃:၁၃-၁၄” ညီအစ်ကိုတို့ ငါကိုင်မိပြီဟု ကိုယ်ကိုကိုယ်မထင်သော်လည်း၊ ငါပြုသောအမှုတစ်ခုဟူမူကား၊နောက်ကျသောအရာတို့ကို မမှတ်ဘဲ၊ ရှေ့၌ရှိသော အရာတို့ကို လှမ်းကမ်း၍ ယေရှုခရစ်အားဖြင့် ဘုရားသခင်သည် အထက်အရပ်မှ ခေါ်တော်မူခြင်းနှင့်ဆိုင်သော ဆုကိုရခြင်းငှာ၊ ပန်းတုံးတိုင်သို့ ငါလိုက်ပြေး၏”
အားကစားပြိုင်ပွဲများ ကျင်းပကြသည့်အခါတွင် ဆုဖလားသည် အားကစား သမားတိုင်းမတ်မောသောအရာတစ်ခုပင်ဖြစ်သည်။ ဆုမပါသော ပြိုင်ပွဲများသည် ပြိုင်ဆိုင် မှုလည်း ပြင်းထန်မည်မဟုတ်ပေ။ ကမ္ဘာဖလား ပြိုင်ပွဲများတွင်လည်း နိုင်ငံအသင်းတိုင်း သည်ကမ္ဘာ့ဖလားကိုသာ လိုချင်ကြပါသည်။ ဒုတိယဆုသည် ဘယ်သောအခါမှ အရေးပေး ခြင်းကို မခံရပေ။ ထိုအတူပဲ သမ္မာ ကျမ်းစာထဲတွင် ရှင်ပေါလုသည် ခရစ်တော်နှင့်တွေ့ပြီး အသက်တာပြောင်းလဲပြီး နောက် အမှုတော်မြတ်တွင် အပြေးပြိုင်ပွဲတစ်ခုတွင် ဆုရရန် ဝင်ပြိုင်နေသော အပြေးသမားတစ်ယောက်ကဲ့သို့ အကောင်းဆုံး လုပ်ဆောင်ခဲ့ ပါသည်။ သို့သော် သူလိုချင်သော ဆုသည် လောကီမှပေးသောဆုနှင့်မသက်ဆိုင်ဘဲ ကောင်းကင် နှင့် ဆိုင်သော ဘုရားသခင်ပေးသော ဆုလဒ်သရဖူဖြစ်သည်။ မည်သို့သော တိုက်ခိုက်မှု ထိုးနှက်မှုများကြုံရစေကာမူ သူသည် ပန်းတုံးတိုင်သို့ အရောက်ပြေး နိုင်ခဲ့ပါ သည်။
ရှင်ပေါလုကဲ့သို ကျွန်တော်တို့သည်လည်း ဘဝတွင် ပန်းတိုင်ရှိသော သူများ ဖြစ်ဖို့လိုသည်။ ဘုရားသခင်သည် ကျွန်တော်တို့အယောက်စီတိုင်းကို ပြေးရမည့် ပန်းတိုင် တစ်ခုစီရှိပါသည်။ မိမိပြေးရမည့်ပန်းတိုင်ကို သိရှိပါက အဆုံးတိုင်အောင် ပြေးရမည် ဖြစ်သည်။ မိမိပြေးရမည့်ပန်းတိုင်သည် လောကီနှင့် မဆိုင်ဘဲ ကောင်းကင်နှင့် ဆိုင်သော ပန်းတိုင်ဖြစ်ပါက ဘုရားသခင်ပေးသော ဆုလဒ်များကို ရရှိမည်ဖြစ်သည်။