(၃၀)ကောင်းသောအမှုကိုပြုပါ

Share

တိတုဩဝါဒစာ ၃:၁၄ ငါ၏လူများတို့သည် အသီးမဲ့သောသူမဖြစ်၊ ကိုယ်သုံးစရာ ဖို့ရှိရမည်အကြောင်း၊ ကောင်းသောအကျင့်ကို ကျင့်အံ့သောငှာ သင်ကြစေ

ကောင်းသောအမှုကို ပြုသောသူ တစ်ယောက်ကို လူသားတိုင်း လေးစား ကြည်ညိုကြပါ၏။ ဆရာကြီးတစ်ယောက်က ပြောဖူးသောစကား သုံးခွန်းကို ပြန်လည် ဝေငှလိုပါသည်။ ထိုစကားသုံးခွန်းကတော့”လူတစ်‌ယောက်သည် စည်းစိမ်ဥစ္စာဆုံးရှုံးလျှင် ဘာမျှ မဆုံးသေးပါ။ ကျန်းမာရေးဆုံးရှုံးလျှင် တချို့ တဝက် ဆုံးရှုံးမည်။ ကိုယ်ကျင့်တရား ယိုယွင်းလျှင်ကား ဘဝတစ်ခုလုံး အများ သူငှာ ၏ လက်ညိုးထိုးစရာဖြစ်ပေမည်”ဟု ပြောခဲ့ပါသည်။ကျွန်တော်တို့အတွက် အမှန်တကယ်ပင် ထိမိသောစကားများပင်ဖြစ်သည်။ ယနေ့တွင် ပရဟိတ အသင်းအဖွဲ့များ၊ နာရေးကူညီမှု အသင်းအဖွဲ့များ၊ ခရစ်ယာန် အဖွဲ့ အစည်းများထဲမှ ကူညီမစသော အဖွဲ့အစည်းများကိုအင်မတန်မှ လေးစားမိပါသည်။ ကောင်းသောအမှုများကို လုပ်ဆောင်နေသရွေ့ လူအများလေးစားမှုများကို ရရှိမည် ဖြစ်သည်။ သာသနာပြုဆရာကြီးဂျွန်ဝက်စ်စလီ( John Wesley) ၏ လင်္ကာလေး တစ်ခုနဲ့ အဆုံးသတ်လိုပါသည်။

“ ‌ဘယ်နည်းနဲ့ဖြစ်ဖြစ် လုပ်ဆောင်နိုင်သမျှလုပ်ပါ

ဘယ်လမ်းနဲ့ဖြစ်ဖြစ် လုပ်ဆောင်နိုင်သမျှလုပ်ပါ

ဘယ်နေရာမှာဖြစ်ဖြစ် လုပ်ဆောင်နိုင်သမျှ လုပ်ပါ

ဘယ်သူနဲ့ဖြစ်ဖြစ် လုပ်ဆောင်နိုင်သမျှ လုပ်ပါ

ဘယ်လောက်ကြာကြာ အမြဲတမ်းကောင်းတာကို

လုပ်ဆောင်ပါ” ဟူ၍ တိုက်တွန်းခဲ့ပါသည်။ထို့ကြောင့် ယုံကြည်သူတစ်ယောက်အနေဖြင့် ကောင်းသောအမှုကို လုပ်ဆောင်ရန်အစဉ်အမြဲ မိမိအသက်တာကို ပြင်ဆင်ရမည် ဖြစ်သည်။ တရားကိုနာရုံမျှသာမဟုတ်ဘဲ လက်တွေ့ကောင်းသောအမှုကို ပြုသော‌သူသည် ဘုရားဘုန်းတော်ထင်ရှားစေသောသူဖြစ်သည်။