(၂၉) ဖန်ဆင်းရှင်၏ဖြစ်တည်မှု

Share

ဗျာဒိတ်ကျမ်း၄:၁၁(က)အိုထာဝရဘုရား၊ကိုယ်တော်သည်ခပ်သိမ်းသော အရာ တို့ကိုဖန်ဆင်းတော်မူပြီ။ထိုအရာတို့သည်အလိုတော်ကြောင့်ဖြစ်၍ ဖန်ဆင်းလျက် ရှိကြပါ၏

ကမ္ဘာလောကကြီးတစ်ခုလုံး၏ ဖြစ်တည်မှုသည် ဖန်ဆင်းရှင်ရှိသောကြောင့် ဖြစ်တည်ရခြင်းဖြစ်သည်။ မည်သည့်အရာမျှ မတော်တဆဖြစ်လာသည်မဟုတ်ပါ။ အရာ အားလုံးသည်ဖန်ဆင်းရှင်၏လက်ရာများသာဖြစ်သည်။မည်သည့်အထောက်မှ လူသားများ ဖြစ်တည်လာရခြင်း၏တိကျသောအချက်အလက်များမရှိပါ။ သို့သော် သမ္မာကျမ်းစာ ထဲမှာတော့အတိအကျဖော်ပြထားသည်မှာဘုရားသခင်သည်မြေမှုန့်ဖြင့် လူကို ဖန်ဆင်းပြီး လူ၏နှာခေါင်းထဲသို့ ဇီဝအသက်ကို မှုတ်သွင်းကာ လူသည် အသက်ရှင် သော သတ္တဝါ ဖြစ်လာပါသည်။ လူတစ်ယောက်သည် လောကကြီးထဲ အသက်ရှင် နေထိုင် ဖို့ရန် လေထုတွင် အောက်စီဂျင် (၂၂%)နှင့် နိုက်ထရိုဂျင် (၇၈%)တို့ ပေါင်းစပ်ခြင်း အားဖြင့်သာ အသက်ရှင်နိုင်ခြင်းဖြစ်သည်။အကယ်၍သာ အောက်စီဂျင်နှင့် နိုက်ထရိုဂျင် တို့သည် ဤအချိုးအစားအတိုင်းမဟုတ်ပါက ကျွန်တော်တို့သည် အသက်ရှင်နိုင်မည် မဟုတ်ပေ။ ကျွန်‌တော်တို့လူသားများမျှမျှတတအသက်ရှင်နိုင်ရန်ဘုရားသခင်သည် လေကို ဖန်ဆင်း ထားခြင်းဖြစ်သည်။ ထို့အပြင် လနှင့်ကမ္ဘာသည် မိုင်ပေါင်း( ၉၃)သန်း ကွာဝေး စေခြင်း အားဖြင့် ကျွန်တော်တို့သည် အပူအအေးမျှတစွာ အသက်ရှင်နိုင်ခြင်း ဖြစ်သည်။

ဘုရားသခင်၏ ဖန်ဆင်းခြင်းလက်ရာများ၏ နက်နဲမှုများကို ကျွန်တော်တို့၏ ဉာဏ် ပညာဖြင့် တိုင်းထွာလို့မရနိုင်ပါ။ အံဩဘွယ်သောလက်ရာများ၊ သက်ရှိလူသားများ၊ နေ့နှင်ည ဖြစ်တည်မှုများ၊ကမ္ဘာကြီး၏ပုံမှန်လည်ပတ်မှုများကို ကြည့်ခြင်းအားဖြင့်ဖန်ဆင်း ရှင် ဘုရားသခင်၏ဖြစ်တည်မှုလက်ခံရမည်ဖြစ်ပါသည်။