၁ပေ ၃:၁၂” အကြောင်းမူကား၊ ထာဝရဘုရားသည် ဖြောင့်မတ်သောသူတို့ကို ကြည့်ရှုတော်မူ၏။ သူတို့ဆုတောင်းခြင်းကိုလည်း နားထောင်တော်မူ၏။ ဒုစရိုက် ပြု သော သူတို့ကိုကား၊ ထာဝရဘုရားသည် မျက်နှာလွှဲတော်မူ၏”
သမ္မာကျမ်းစာကိုဖတ်ကြည့်၍ ဆင်ခြင်ပါက ဘုရားသခင်သည် “ဖြောင့်မတ် သော သူ”ကို နှစ်သက်သဘောကျတော်မူသည်ကို တွေ့ရမည်ဖြစ်သည်။ ဖြောင့်မတ် သော သူ၏ အဓိပ္ပာယ်သည် အရာရာတွင် မှန်ကန်သော လမ်းကြောင်းတွင် ရပ်တည်ပြီး မှန်မှန် ကန်ကန် အသက်ရှင်လျှောက်လှမ်းသောသူဟု ဖွင့်ဆိုလိုပါ သည်။ ဒေသနာကျမ်း အရ လောက တွင်ဖြောင့်မတ်သောသူ မည်သူမျှမရှိဟု စောတက တတ်နိုင်ပါသည်။ မှန်ပါသည် သမ္မာ ကျမ်း စာထဲတွင် ဘုရားသခင် ကြီးမားစွာအသုံးပြုခြင်းခံရသူများထဲသည် အားနည်း ချက် ကိုယ်စီရှိကြပါသည်။ တစ်ခါတစ်ရံ အမှားအယွင်းများကျူးလွန်ကြပါသည်။ သို့သော် ကျွန်တော်တို့ သတိပြုရမည့်အချက်မှာ ဘုရားသခင်ကြီးမားစွာ အသုံးပြုခြင်းခံရသူများ၏ သွင်ပြင်လက္ခဏာတစ်ခုမှာ” ဖြောင့်မတ်ခြင်းကို ဆာငတ်သူများ” ဖြစ်သည်ကို တွေ့ရမည် ဖြစ်သည်။ အနီးစပ်ဆုံး ဒါဝိဒ်မင်းကြီး၏အသက်တာသည် မစုံလင် မပြည့်ဝသော်လည်း ဖြောင့်မတ်ခြင်းကို ဆာငတ်သောသူတစ်ယောက်ဖြစ်ပါသည်။ ထို့ကြောင့်လည်း သူ၏ ဆုတောင်းခြင်းများ၊ လုပ်ဆောင်မှုများကို ဘုရားသခင် သက်သေထူပေးခဲ့ပါသည်။
ကျွန်တော်တို့၏ ဘဝအသက်တာတွင်လည်းမိမိကိုယ်ကို ပြန်လည်ဆင်ခြင်ဖို့ ဖြစ်ပါ သည်။ တကယ်ပဲ ဖြောင့်မတ်ခြင်းကို ဆာငတ်သောသူများ ဟုတ်မဟုတ်ဆန်းစစ်ရပါမည်။ ဘုရားသခင်သည် ဖြောင့်မတ်သောသူ၏ ဆုတောင်းခြင်းကို နားထောင်တော်မူမည်ဟု ဂတိတော်ရှိပါသည်။ ဒုစရိုက်ပြုသောသူ ဆုတောင်းကို ဘုရားသခင် မျက်နှာလွှဲတော် မူမည် ဖြစ်သည်။ ထို့ကြောင့် ကျွန်တော်တို့၏ ဘဝအသက်တာတွင် ဖြောင့်မတ်ခြင်းကို ဆာငတ် သော နှလုံးသားများဖြစ်ကြစို့။