(၂၄)သမ္မာကျမ်းစာနေ့( Bible Sunday)

Share

၂တိ ၃: ၁၆-၁၇ ထိုကျမ်းစာရှိသမျှသည် ဘုရားသခင် မှုတ်သွင်းတော်မူသော အားဖြင့်ဖြစ်၍၊ ဘုရားသခင်၏ လူသည်စုံလင်သောသူ၊ကောင်းသော အမှု အမျိုး မျိုးတို့ကိုပြုစုခြင်းအလိုငှါ ပြင်ဆင်သောသူဖြစ်မည်အကြောင်း၊ ဩဝါဒ ပေးခြင်း၊ အပြစ်ကိုဘော်ပြခြင်း၊ ဖြောင့်မတ်စွာ ပြုပြင်ခြင်း၊ တရားကိုသွန်သင်ခြင်း၊ ဖြောင့်မတ်စွာ ပြုပြင်ခြင်း၊တရားကိုသွန်သင်ခြင်း ကျေးဇူးများကို ပြုတတ်၏

သမ္မာကျမ်းစာနေ့ကို  ဩဂုတ်လ တတိယအပတ်(တနင်္ဂနွေနေ့)တွင် မြန်မာနိုင်ငံရှိ နှစ်ခြင်းအသင်းတော်တိုင်းပြုလုပ်ကြပါသည်။နိုင်ငံရပ်ခြားမှာတော့ဒီဇင်ဘာလတွင်ပြုလုပ်ကြပါသည်။ကမ္ဘာ့သမ္မာကျမ်းစာအသင်းကြီး၏ ဆောင်ပုဒ်ကတော့” ကမ္ဘာလောကကြီး အတွက် သမ္မာကျမ်းစာ”ဖြစ်သည်။ သမ္မာကျမ်းစာနေ့ဖြစ်ပေါ်လာပုံမှာ “မေရီဂျုံး”ဟု ခေါ်သော အမျိုးသမီးငယ်လေး‌၏ ကြိုးစားမှုကြောင့်ဖြစ်သည်။ ထိုအချိန်အခါက သမ္မာ ကျမ်းစာသည် အလွန်ရှားပြီးလူတိုင်း ဝယ်မဖတ်နိုင်ပါ။ ထို့ကြောင့်သူမသည် သမ္မာကျမ်းစာ ကို အခက်အခဲ အမျိုးမျိုးကြားထဲက ပိုင်ဆိုင်နိုင်ဖို့ရန် အကြိမ်ကြိမ် ကြိုးပမ်းခဲ့ ရပါသည်။ နောက်ဆုံးတွင် သူမသည် သမ္မာကျမ်းစာကို လက်ဝယ်ပိုင်ဆိုင်ခဲ့ရပါသည်။၁၉၄၆ခုနှစ်တွင် နိုင်ငံ(၁၃)နိုင်ငံမှ ကိုယ်စားလှယ်များသည်အင်္ဂလန်တွင် တွေ့ဆုံကြပြီး” ကမ္ဘာ့သမ္မာကျမ်းစာအသင်း”ကို ဖွဲ့စည်းခဲ့ ပါသည်။ မြန်မာနိုင်ငံမှာတော့ ယခုဆိုရင် (၉၆)မျိုးသော ဘာသာ စကားနဲ့ သမ္မာ ကျမ်းစာကို ဘာသာပြန်နိုင်ပြီးဖြစ်သည်။ မြန်မာနိုင်ငံ သမ္မာကျမ်းစာ အသင်း၏ ရည်ရွယ်ချက်ကတော့” ကျမ်းစာတော်မြတ်ကိုသွေးချင်းသားချင်း တိုင်းရင်း သား လူမျိုးအားလုံးဆီ ကျယ်ကျယ်ပြန့်ပြန့် ထိထိရောက်ရောက်ဖြန့်ချီရေး”ဖြစ်သည်။

သမ္မာကျမ်းစာနေ့သည်ကျွန်တော်တို့၏ဘဝအသက်တာကို နှုတ်ကပတ်တော်၌ လျှောက် လှမ်းဖို့ရန်၊ ဖတ်ရှုဖို့ရန် သတိပေးသောနေ့လေးတစ်နေ့ဖြစ်ပါသည်။ ဘုရားသခင်၏ နှုတ်ကပတ် တော် တည်းဟူသော သမ္မာကျမ်းစာကို ဖတ်ရှုခြင်းအားဖြင့် ကျွန်တော်တို့၏ အသက်တာကို ဖြောင့်မတ်သူ၊ သန့်ရှင်းသူ၊ ချစ်ခြင်းမေတ္တာ ပြည့်ဝသောသူအဖြစ် ပြောင်းလဲ ပေးမည် ဖြစ်သည်။ ဘုရားသခင်၏ဖွင့်ပြခြင်းနှင့်အတူ မိမိကိုယ်တိုင် ခွန်အား ရရှိသလို တစ်ပါး သူကို လည်းတည်ဆောက်ပေးသောသူများဖြစ်ကြပါစို့ဟုတိုက်တွန်းခွန်အားပေး လိုပါသည်။