ဆာလံကျမ်း ၉၀:၂” တောင်များကိုမဘော်၊ မြေကြီးနှင့် လောကဓါတ်ကို ဖန်ဆင်း တော်မမူမှီ၊ ကိုယ်တော်သည်ရှေးကမ္ဘာအဆက်ဆက်မှစ၍ နောက်ကမ္ဘာ အဆက် ဆက်တိုင်အောင် ဘုရားသခင်ဖြစ်တော်မူ၏”
လောကကြီးကိုကြည့်မည်ဆိုလျှင် အရာအားလုံးသည်နေ့စဉ်နှင့်အမျှ ပြောင်းလဲ လို့နေသည်ကို တွေ့ရမည်ဖြစ်သည်။ အချိန်၊ နေ့ရက်၊ ဖြစ်တည်မှု၊ ဖြစ်ပျက်နေမှုများသည် ရပ်တန့်လို့လည်းမရနိုင်ပါပေ။လူသားမျိုးဆက်တွေ လည်း တစ်ဆက်ပြီးတစ်ဆက် ပြောင်းလဲလာပါသည်။ အရင်တုန်းက ကျော်ကြား သော သူတို့၏ နေရာတွင် ယခုမျိုးဆက်သည် အစားဝင်လာကြပါသည်။ အဖြစ် အပျက်၊ အပြောင်းအလဲတွေများသော လောကကြီးတွင်ကျွန်တော်တို့သည် ရှင်သန်နေကြ ရပါသည်။
သမ္မာကျမ်းစာထဲတွင် ဖော်ပြထားသည်မှာ ကမ္ဘာအဆက်ဆက် မပြောင်းလဲဘဲ ထာဝရတည်ရှိသောသူမှာ “ဖန်ဆင်းရှင်ထာဝရဘုရား” တစ်ပါးတည်းသာ ဖြစ်ပါ သည်။ ဘုရားသခင်သည် နေ့ရက်တိုင်းကျွန်တော်တို့၏ ဘဝအသက်တာကို လမ်းပြလို့ပေးနေပါသည်။ ဘုရားသခင်၏ လူသားများအပေါ်ထားရှိသော ချစ်ခြင်း မေတ္တာသည် ဘယ်တော့မှ ပြောင်းလဲမည်မဟုတ်ပေ။ ဘုရားသခင်သည် မိမိ၏ တပါးတည်းသောသားတော်ကို စွန့်တော်မူသည့်တိုင်အောင် လောကီသားတို့ကို ချစ်တော်မူ၏ဟု နှုတ်ကပတ်တော်ရှိပါသည်။ ကျွန်တော်တို့၏ နှလုံးသားထဲတွင် မပြောင်းလဲအရှင်သခင်ကိုရရှိပါက ဘဝတစ်ခုလုံး စိတ်ချမှုကို ရရှိမည်ဖြစ်သည်။
ကျွန်တော်တို့၏ဖြစ်တည်မှုနှင့် လောကကြီး၏ဖြစ်တည်မှုများသည် နေ့စဉ် နှင့် အမျှ ပြောင်းလဲနေသော်လည်း ကျွန်တော်တို့သည် မပြောင်းလဲသော အရှင် သခင် နှင့်အတူ လျှောက်လှမ်းပါက စစ်မှန်သောဘဝ၏ လှုံခြုံမှု၊ စိတ်ချမှုများကို ရရှိမည် ဖြစ်သည်။ ထိုအရှင်သည် မနေ့၊ ယနေ့၊ နောင်ကာလ မပြောင်းလဲသော အရှင် ဖြစ်သောကြောင့်ဖြစ်သည်။