ဆာလံကျမ်း ၁၃၉:၁-၂” အိုထာဝရဘုရား၊ကိုယ်တော်သည် အကျွန်ုပ်ကို စစ်ကြော၍သိတော်မူ၏။အကျွန်ုပ်ထိုင်ခြင်း၊ ထခြင်းအရာတို့ကို သိတော်မူ၏။ အကျွန်ုပ် အကြံအစည်တို့ကို အဝေးကပင် နားလည်တော်မူ၏”
ကျွန်တော်တို့ယနေ့အထိ အသက်ရှင်ရခြင်းအခွင့်သည် ဘုရားသခင် ပေးထားသောကြောင့်ဖြစ်ပါသည်။ကျွန်တော်တို့၏ အသက်ရှင်ခြင်း(သို့) သေခြင်း အခွင့်သည်ဘုရားသခင်၏လက်တော်ထဲ၌သာရှိပါ၏။ဘယ်အချိန်လဲ? ဘယ်နေရာ လဲ? မသိရှိနိုင်ပါ။ အင်မတန်မှ ကျော်ကြားသော Pop အဆိုတော် မိုက်ကယ် ဂျက်ဆင်၏အကြောင်းကိုဖော်ပြလိုပါ၏။သူသည်ဤလောကကြီးထဲတွင်အသက်၁၅၀ လောက်အထိ နေသွားချင်ခဲ့ပါသည်။သူ့ကျန်းမာရေးကို စောင့်ရှောက်ဖို့ ရန်အတွက်မိသားစုဆရာဝန် ၁၂ယောက်အထိ ခန့်ထားခဲ့ပါသည်။ သူစား သောက် မည့် အစားအသောက်များအတွက်ကိုလည်း ဓာတ်ခွဲခန်းမှ ဂရုတစိုက် စစ်ဆေးပြီး မှသာစားသောက်လေ့ရှိပါသည်။အိပ်စက်ရာတွင်လည်းအောက်စီဂျင် ပမာဏကို ထိန်းညှိပေးနိုင်သောနည်းပညာတွေကိုလည်းအသုံးပြုခဲ့ပါသည်။ သူသည် အသက် အကြာကြီးရှင်နိုင်ဖို့ရန်အတွက် လိုလေသေးမရှိအောင် အဖက်ဖက်မှ ပြင်ဆင်ခဲ့ ပါသည်။ သို့သော်သူ၏ အကြံအစည်သည် မအောင်မြင်ခဲ့ ပါ။ ၂၀၀၉ခု နှစ် ဇွန်လ (၂၅)ရက်နေ့၊ အသက်(၅၀) အရွယ်တွင် မိုက်ကယ်ဂျက်ဆင် သည် နှလုံးရောဂါဖြင့် ကွယ်လွန်သွားခဲ့ရပါသည်။
ထို့ကြောင့်ကျွန်တော်တို့၏ အသက်ရှင်ရခြင်းအခွင့်သည် ဘုရားသခင်၏ ကျေးဇူးတော်သက်သက်ကြောင့်သာဖြစ်ပါသည်။ မနက်ဖြန်တွင်ဘာဖြစ်မည်ကို ကျွန်တော်တို့မသိရှိနိုင်ပါ။ ရှင်သန်ခွင့်ရတုန်းအချိန်တွင် ဘုရားဘုန်းတော်အတွက် အသက်ရှင်ရင်းမိမိအသက်တာကို ပြင်ဆင်ကာ လျှောက်လှမ်းကြပါစို့ဟု အားပေး လိုပါသည်။