(၁၉)မိမိကိုယ်ကိုတန်ဖိုးထားခြင်း

Share

၁ကော ၃:၁၆”သင်တို့သည် ဘုရားသခင်၏ဗိမာန်တော်ဖြစ်ကြသည်ကို၎င်း၊ ဘုရားသခင်၏ ဝိညာဉ်တော်သည် သင်တို့အထဲ၌ ကျိန်းဝပ်တော်မူသည်ကို၎င်း၊ မသိကြသလော”

ဘုရားသခင်သည် လူကို သူ၏ပုံသဏ္ဍန်တော်နှင့်အညီဖန်ဆင်းတော်မူပါသည်။ ထို့အပြင် လူကို တန်ဖိုးထားမြတ်နိုးချစ်ခင်သောဘုရားဖြစ်သည်။ ကမ္ဘာဦးအစ အာဒံနှင့်ဧဝသည် ဘုရား စကားနားမထောင်သောကြောင့် ဧဒင်ဥယျာဉ်မှထွက်ခွာရသောလည်း ဘုရားသခင်သည် ဖုံးအုပ် စရာကိုပြင်ဆင်ပေးခဲ့ပါသည်။  ထိုအတူပဲ ဣသရေလလူမျိုးများသည် အကြိမ်ကြိမ်အခါခါ ဘုရားစကားနားမထောင်သော်လည်း ဘုရားသခင်သည် တန်ဖိုးထားကာ အစဉ်အမြဲ ဖေးမ ပေး ခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။ အထူးသဖြင့် ဘုရားသခင်သည် လူကို တန်ဖိုးထားသော ဘုရား ဖြစ်ပါသည်။

ခေတ်ကာလတိုးတတ်ပြောင်းလဲမှုအခြေအနေအရ ‌မှားယွင်းသော ခေတ်ရေစီးကြောင်း များသည်ဆွဲဆောင်လို့နေပါသည်။ မိမိကိုယ်ကိုတန်ဖိုးမထားခြင်းအရာများက‌တော့- ခန္ဓာကိုယ် ကိုတတ်တူးထိုးခြင်း၊ မိန်းမလွှတ်နှင့်မှားယွင်းခြင်း၊ ပြည့်တန်ဆာနှင့် မှားယွင်းခြင်းများ၊ လက်မ ထပ်ပဲအတူ‌နေခြင်း၊ အရက်သေစာ သောက်စားခြင်းစသဖြင့်အများကြီးရှိပါသည်။ ဘုရားသခင် မနှစ်သက်သောအရာများဖြစ်သည်။ ဘုရားသခင်သည် လူကိုဖန်ဆင်းထားခြင်းမှာ သူ၏ ဘုန်း တော် ထင်ရှားစေဖို့ရန် ဖန်ဆင်းထားခြင်းဖြစ်ပါသည်။ ထင်ပေါ်ကျော်ကြားသော ဓမ္မဆရာကြီး ဝီလျံအာနယူးဝဲလ်သည် တစ်ချိန်က အရမ်းကို ဆိုးသွမ်းသောကြောင့် မိဘများက ဆိုဆုံးမ မရ သည့်အဆုံးကျမ်းစာကျောင်းသို့ပို့လိုက်ပါသည်။သူသည်နှုတ်ကပတ်တော်ကိုခံယူပြီး အသက် တာ ပြောင်းလဲလာခဲ့ပါသည်။ မိမိကိုယ်ကိုတန်ဖိုးထားပြီး အကောင်းဆုံး‌အသက်တာ ‌ လျှောက် လှမ်းသောအခါ ထိုကျမ်းစာကျောင်းမှာပင် ဓမ္မကထိကဖြစ်လာခဲ့ပါသည်။ ထို့အပြင် ဓမ္မသီချင်း ရေးစပ်ရာတွင်လည်း အသုံပြုခြင်းခံရပါသည်။ ဘုရားသခင်၏ အံ့ဩဘွယ်ရာ အသုံးပြု ခြင်း ခံခဲ့ရပါသည်။

ကျွန်တော်တို့၏ဘဝအသက်တာထဲတွင် အစဉ်အမြဲ မိမိကိုယ်ကို တန်ဖိုးထားရမည်ဖြစ်သည်။ မိမိအားဘုရားသခင်ပေးထားသော ကိုယ်ခန္ဓာကို မှားယွင်းသောလမ်းသို့ မရောက်နိုင်ဖို့ရန် သမ္မာသတိဖြင့်လျှောက်လှမ်းရမည်ဖြစ်သည်။ထို့ကြောင့်မိမိကိုယ်ကိုတန်ဖိုးထားခြင်းဖြင့်ဘုရား ဘုန်းတော်ထင်ရှားစေကြစို့ဟု အားပေးလိုပါသည်။