ယုံကြည်ခြင်းဖြင့်သာ
8.7.2022(Friday)
ဟေဗြဲ ၁၁:၆” ယုံကြည်ခြင်းမရှိလျှင် ဘုရားသခင်၏ စိတ်တော်နှင့်မတွေ့နိုင်။ အကြောင်းမူကား ဘုရားသခင့်အထံတော်သို့ ချဉ်းကပ်သောသူသည် ဘုရားသခင်ရှိတော်မူသည်ကို ၎င်း ကိုယ်တော်ကို ရှာသောသူအား အကျိုးပေးတော်မူသည်ကို၎င်း ယုံကြည်ရမည်”
ခရစ်ယာန်အသက်တာ၏အဓိက အခြေခံအုတ်မြစ်သည် ကယ်တင်ရှင်ယေရှုခရစ်တော်ကို မိမိ၏ကယ်တင်ပိုင်ရှင်အဖြစ်ယုံကြည်လက်ခံခြင်းဖြစ်သည်။
ယုံကြည်ခြင်းမရှိပါက မျှော်လင့်ခြင်းလည်းပျောက်ဆုံးလို့နေမည်ဖြစ်သည်။ ထို့အပြင်ဘုရားသခင်၏စိတ်တော်နှင့် ထိတွေ့မည်မဟုတ်ပေ။ ယုံကြည်ခြင်းဖြင့် လိုက်လျှောက်၊ ယုံကြည်ခြင်းဖြင့် ဆုတောင်းမှသာ အံဩဘွယ်ရာ ဘုရားသခင်၏လက်တော်ကို တွေ့မြင်ရပါလိမ့်မည်။ စာရေးသူကိုယ်တိုင်အံ့ဩဘွယ်ရာ ဘုရားသခင်ပြုပေးသောအမှုတစ်ခုကို သက်သေခံလိုပါ၏။ မကြာသေးမှီလများက စာရေးသူသည် “ပန်းတုံးတိုင်ခရီး”ဟူသော တရားဟောချက်စာအုပ်လေးကို ထုတ်ဝေနိုင်ခဲ့ပါသည်။ နှစ်နှင့်ချီပြီး ဆုတောင်းခဲ့ပါသည်။ ရန်ကုန်မြို့သို့ရောက်ပြီး ပုံနှိပ်တိုက်သို့ရောက်သောအခါ သတ်မှတ်ထားသည်ထက် ငွေကုန်ကြေးကြအလွန်များခဲ့ပါသည်။ စာရေးသူမတတ်နိုင်သော ငွေပမာဏဖြစ်ပါ၏။ ထိုကြောင့်ဘုရားသခင်ထံ ယုံကြည်စွာဖြင့် အပ်နှံ၍ဆုတောင်းခဲ့ပါသည်။နောက်ဆုံးမှာတော့ မမြင်နိုင်သော၊မသိနိုင်သောနည်းလမ်းများဖြင့် ဘုရားသခင်သည် ပြင်ဆင်ပေးခဲ့ပါသည်။ယုံကြည်စွာဖြင့် တောင်းလျှောက်သော ဆုတောင်းခြင်းများသည် မည်မျှပင် ကြာစေကာမူ အချိန်တန်လျှင်ဘုရားသခင်သည် အဖြေပေးမြဲဖြစ်ပါသည်။ ယုံကြည်ခြင်းဖြင့် တောင်းလျှောက်ကြဖို့သာဖြစ်ပါသည်။ထို့ကြောင့် ယုံကြည်ခြင်းအားဖြင့်သာ ဘုရားသခင်ထံမှလာသော အံ့ဩဘွယ်ရာများကို သိရှိနိုင်သောကြောင့် ယုံကြည်ခြင်းအားဖြင့် အထံတော်သို့ တိုးဝင်ချဉ်းကပ်ကြပါစို့။
ဖလားဆဲ