ခါးသီးသောအနမ်းတစ်ပွင့်
2.7.2022(Saturday)
မဿဲ ၆:၂၄“အဘယ်သူမျှ သခင်နှစ်ဦးအစေကိုမခံနိုင်။ သခင်တစ်ဦးကိုမုန်း၍ တစ်ဦးကိုချစ်မည်။သခင်တစ်ဦးကိုမှီခို၍ တစ်ဦးကိုမခန့်မညားပြုမည်။ သင်တို့သည် ဘုရားသခင်၏အစေကိုလည်းကောင်း၊လောကီစည်းစိမ်၏အစေကိုလည်းကောင်း မခံနိုင်ကြ”
သခင်ယေရှုခရစ်တော်လောက၌ရှိစဉ်တွင် ခါးသီးသောအနမ်းတစ်ပွင့်ကို ရရှိခဲ့ပါသည်။ ထိုအနမ်းကတော့ အခြားသောရန်သူများထံမှမဟုတ်ဘဲ သူနှင့် အနီးကပ်ဆုံးသူထံမှ ရရှိခဲ့ပါသည်။ ထိုသူကတော့ ယုဒရှကာရုတ်ဖြစ်ပါသည်။
ယုဒဟူသောအမည်ကတော့ က္ကသရေလလူမျိုးများအများအားဖြင်ပေးတတ်ကြသောအမည်ဖြစ်ပါသည်။ ယေဟောဝါဘုရားဦးဆောင်စေပါဟု အဓိပ္ပာယ်ရှိပါသည်။ ရှကာယုတ်ကိုတော့ သမိုင်းပညာရှင်များကကေရုတ်မြို့ကိုအစွဲပြုပြီးခေါ်သည်ဟု ယူဆကြပါသည်။ ဥပမာအနေဖြင့် “နာဇရက်မြို့သား ယေရှု”ဟု ဆိုသကဲ့သိုဖြစ်ပါသည်။ ယုဒရှကာရုတ်သည် သခင်ယေရှု၏ရွေးကောက်ခြင်းအားဖြင့် တပည့်တော်ဆယ့်နှစ်ပါးထဲတွင် ပါဝင်ပါသည်။ သူ၏အလုပ်ကတော့ ဘဏ္ဍရေးမှူး(ငွေထိန်း)ဖြစ်ပါသည်။ အဖွဲ့၏ လိုအပ်သောစားနပ်ရိက္ခာ ကိစွအဝဝကို တာဝန်ယူစီမံပေးရသူဖြစ်သည်။အများအားဖြင့် ငွေကြေးများဖြင့် အလုပ်လုပ်ရသူဖြစ်သည်။ သခင်ယေရှုအားပြည့်တန်ဆာအမျိုးသမီးက နာဒုဆီမွှေးဖြင့် သွန်းလောင်းခြင်းကို ပြုန်းတီးခြင်းဟု သူကသတ်မှတ်ပါသည်။ နာဒုဆီမွှေး၏တန်ဖိုးမှာ ဒေနာရိအပြား သုံးရာရှိပြီး သာမာန်လူတစ်ယောက်၏ တစ်နှစ်စာဝင်ငွေနှင့်ညီမြပါသည်။ နောက်ဆုံးမှာတော့ သူသည်သခင်ယေရှုကို ငွေအသပြာ(၃၀)ဖြင့် ရောင်းစားခဲ့ပါသည်။သုံးနှစ်သုံးမိုး သခင်ယေရှုနှင့်အတူရှိနေသော်လည်း စိတ်နှလုံးပြောင်းလဲခြင်းမရှိဘဲ ခါးသီးသောအနမ်းတစ်ပွင့်သာဖြစ်ခဲ့ပါသည်။ ထိုနည်းတူစွာပင် ကျွန်တော်တို့သည်လည်း မိမိအသက်တာအားဖြင့် သခင်ယေရှုအတွက်ခါးသီးသောအနမ်း၊ခါးသီးသောဘဝပုံဆောင်မှုများမဖြစ်ဖို့အထူးသတိပြုရမည်ဖြစ်သည်။ မည်သို့သော သွေးဆောင်ဖျားယောင်းမှုများလာစေကာမူ၊ သက်ဆုံးတိုင်သခင်ဘုရားအတွက် သစွာရှိ သော သူများအဖြစ် တည်ကြည်စွာလျှောက်လှမ်းကြပါစို့။
ဖလားဆဲ
Reference>>ခါးသီးသောအနမ်းတစ်ပွင့်(အဒီး)